top of page

အသည်းရောဂါ ရှေ့ပြေးလက္ခဏာများ

မြန်မာနိုင်ငံမှာ အသည်းရောဂါဖြစ်ပွားနေသူတွေရဲ့ တဝက်ခန့်ဟာ သူတို့ကို သူတို့ ရောဂါရှိနေမှန်းမသိကြပါဘူး။

အသည်းရောဂါဖြစ်နေကြောင်း မိမိကိုယ်ကိုယ် သိနိုင်မည့် လက္ခဏာရပ်များကို ဖော်ပြပေးလိုင်ပါတယ်။




သွေးခြေဥလွယ်ခြင်း

အသည်းက သွေးတတ်ဖို့အတွက် လိုအပ်တဲ့ ဒြပ်ပေါင်းတွေကို ထုတ်ပေးပါတယ်။ အသည်းမကောင်းတော့ရင် ခန္ဓာကိုယ်မှာ မတော်တဆ ထိခိုက်မိတာနဲ့ သွေးခြေဥတတ်ပါတယ်။


ဆီးအရောင်ပြောင်းလဲခြင်း

သည်းခြေရည်လို့ခေါ်တဲ့ အစိမ်းရင့်ရောင် ၊ အညိုရောင်အရည်တွေဟာ အသည်းရောဂါဖြစ်ရင် ပုံမှန် မစီးဆင်းနိုင်တော့ဘဲ ပိတ်စို့နေတတ်ပါတယ်။အချိန်တခုကြာလာတဲ့အခါ ပိတ်စို့နေတဲ့ သည်းခြေရည်တွေဟာ ဆီးထဲမှာ ပါလာပြီး ဆီးအရောင်ပြောင်းလဲနိုင်ပါတယ်။


ဝမ်းအရောင်ပြောင်းခြင်း

အချို့သော အသည်းရောဂါသည်တွေမှာ ဝမ်းအရောင်ပြောင်းလဲတတ်ပါတယ်။တဖြည်းဖြည်းနဲ့ အရောင်ဖျော့လာပြီး ရွှံစေးရောင်ပြောင်းသွားပါတယ်။


အသား၊မျက်စိ ဝါခြင်း

အသည်း က အဝါရှိတဲ့စွန်ပစ်ပစ္စည်းများကို ခြေဖျက်ပေးပါတယ်။ အသည်းကောင်းကောင်းအလုပ်မလုပ်တဲ့အခါ အဝါရောင် ဒြပ်ပေါင်းတွေဟာ အရေပြားနဲ့ မျက်လုံးမှာစုပုံလာပြီး အသားဝါ ၊ မျက်စိဝါ တတ်ပါတယ်။


ပင်ပန်းသလို ခံစားရခြင်း

မနက်အိပ်ယာနိးခါစမှာဘဲ တနေကုန် အလုပ်လုပ်ထားရသလို ပင်ပန်းနေတတ်ပါတယ်။


ဗိုက်အောင့်ခြင်း၊ဗိုက်နာခြင်း


အသည်းဟာ ကျွန်တော်တို့ ဝမ်းဗိုက်ရဲ့ညာဘက်မှာရှိပါတယ်။ အသည်းရောင်တဲ့အခါ ညာဘက်ဝမ်းဗိုက်အောင့်တာ ၊ နာကျင်တာတို့ ဖြစ်တတ်ပါတယ်။


ယားယံခြင်း

တစ်ကိုယ်လုံးမှာ ယားတတ်ပါတယ်။ အထူးသဖြင့် ခြေဖဝါး ၊ လက်ဖဝါးတို့မှာ ပိုယားတတ်ပါတယ်။ညနေပိုင်း၊ ညပိုင်းတို့မှာ ပိုဆိုးလာတတ်ပါတယ်။ ရေနွေးနဲ့ ရေချိုးပြီးရင်လဲ ယားတတ်ပါတယ်။


ယောင်ယမ်းခြင်း

အသည်းရောဂါရှိသူတွေဟာ ခြေထောက် ၂ဘက်လုံး ယောင်လာတတ်ပါတယ်။ အသည်းရဲ့ သွေးပြန်ကြောမှာ ဖိအားများလာတဲ့အခါ ကြာလာရင် ဝမ်းဗိုက်ရောင်ပြီး ဖောင်းလာတတ်ပါတယ်။


Accuracy, Timeliness, Expertise အဆင့်မြင့် ရောဂါရှာဖွေရေး ဓါတ်ခွဲခန်း အမှတ် (၅၁/I)၊ လမ်း ၃၀၊ ၇၇x၇၈ လမ်းကြား၊ ချမ်းအေးသာဇံမြို့နယ်၊ မန္တလေးမြို့။ Hot Line: 09450855777 02-4023714

Comments


Mandalay

No. 51/I, Between 77th and 78th Streets, Chanayetharzan Township, Mandalay.

09-450855777, 09-796603020

Kyaukse

No.16 , Beside YGN-MDY Road,Pyi Lone Naing Quarter,Kyaukse

09-770707047 , 09-954400034

Lashio

Near Mandalay Street Point,Quard4), Lashio

09-400499941 , 09-400499942

Yangon

No.470,Thitsar Street Quarter(3),

South Okkallapa , Yangon.

09-765452996 ,09-765452997 ,

09-765453364,09-765453365

Laboratory Addresses

Mandalay

(collection -I)

No.65(B),58st,bet 113&113(A)st, Pyigyitagon Township, Mandalay.

09796603175 , 09941995745

Mandalay

(collection -II)

106th street , Bet 66 & 66(A) street, Mandalay

09 779737877 , 09 952974090

CLINIC Addresses

30th street , Between 63×64 Streets , Mandalay

09 450866777 , 09 783772289 ,

09 943711480 , 09 652651118

  • viber-icon-logo-4E5ED1327A-seeklogo.com
  • LinkedIn
  • Telegram-Logo_edited
  • IGP_Facebook
bottom of page