top of page

အသံထွက်နေတဲ့ ခန္ဓာကိုယ်

အသံထွက်နေတဲ့ ခန္ဓာကိုယ်


ရုတ်တရက် လှည့်လိုက်လို့ " ဂျွတ်" ခနဲ အသံထွက်လာရင် ၊ ရုံးမှာ ကျောင်းမှာ ထိုင်နေရင်း အကြောဆန့်လိုက်လို့ အသံထွက်လာရင် ၊ ခါးလှည့် ခြေထောက်ဆန့်တာနဲ့ " ဂျွတ်" ခနဲ အသံထွက်လာရင် အရိုးနဲ့ဆိုင်တဲ့ ပြသနာ တစ်ခုခုရှိနေပြီဆိုတာ သံသယဝင်နိုင်ပါပြီ။


ဒီပြဿနာတွေကို ခုနောက်ပိုင်း လူကြီး၊ လူငယ် မရွေး တွေ့ကြုံခံစားရတာများလာပါတယ်။ ဘာတွေကြောင့် ဖြစ်မလဲ ဖြစ်နိုင်ခြေအကြောင်းရင်းလေးတွေ စဉ်းစားကြည့်ရအောင် –


ree

အသက်ကြီးလာလို့လား

အသက်အရွယ်ကြီးလာတာနဲ့ အမျှ အရိုးထိပ်မှာ အကာအကွယ်ပေးထားတဲ့ အရိုးနုလွှာက စတင် ခြောက်သွေ့ပြီး တောင့်တင်းလာပါတယ်။ အရိုးအဆစ်တွေကို ချောမွေ့စွာ လှုပ်ရှားနိုင်ဖို့ ခန္ဓာကိုယ်က ထုတ်ပေးနေကျ အရိုးအဆစ်တွေကြားက synovial fluid တွေ လျော့နည်းလာလို့ ဖြစ်ပါတယ်။ ဒါ့ကြောင့် လှုပ်ရှားတဲ့အခါ အဆင်မပြေတော့ဘဲ ဂျိုးဂျိုးဂျွတ်ဂျွတ်တွေ အသံမြည်လာတာပေါ့။


အိပ်ရာထကာစ မို့လို့လား

နာရီအတော်ကြာ အိပ်ပျော်နေတဲ့အခါ အရိုးအဆစ်တွေ လှုပ်ရှားမှု လွယ်ကူစေဖို့ ထုတ်ပေးတဲ့ synovial fluid အရည်ဓာတ်က လုပ်ဆောင်ချက် သိပ်မရှိပါဘူး။ ဒါ့ကြောင့် အိပ်ရာထကာစမှာ ဒူးတွေ၊ လက်တွေ လှုပ်ရှားရ တောင့်တင်းနေတာပေါ့။ အိပ်ရာထမှာ အညောင်းဆန့်တာ၊ အကြောလျှော့တာတွေ လုပ်ကြတာ ဒါကြောင့်ပါ။


အထိုင်များလို့လား

အလုပ်ကြောင့်ပဲ ဖြစ်ဖြစ်၊ အိမ်မှာ လှုပ်ရှားမှု သိပ်မရှိလို့ပဲဖြစ်ဖြစ် ကိုယ့်ရဲ့တစ်နေ့တာမှာ လှုပ်ရှားတဲ့အချိန်ထက် ငြိမ်နေတဲ့အချိန်က ပိုများနေခဲ့ရင် ဒီလိုဖြစ်နိုင်ပါတယ်။ အကြောအခြင်တွေက တောင့်တင်း၊ ခြေလက်တွေ လေးလံပြီး တဂျိုးဂျိုးတဂျွတ်ဂျွတ်နဲ့ပေါ့။


အရိုးပွနေလို့လား

အရိုးတွေ ကြားက အဆစ်မှာ ဖုံးအုပ်ထားတဲ့ အရိုးနုလွှာ ပါးလာတဲ့အခါ ဒါမှမဟုတ် ထိခိုက်ထားတဲ့အခါ အရိုးတွေ ကြားမှာ ပွတ်တိုက်မိပြီး နည်းနည်းချင်း ပွန်းစေနိုင်ပါတယ်။


အကိုက်အခဲပျောက်ဆေး လွန်ကဲလို့လား

အရိုးအဆစ်နာအတွက် အကိုက်အခဲပျောက်ဆေး၊ အရောင်ကျဆေးလို အလွယ်တကူ သောက်လို့ ရတဲ့ ဆေးတွေကို အားကိုးကြပါတယ်။ အကိုက်အခဲပျောက်ဆေးတွေ အလွန်အကျွံ သုံးစွဲရတဲ့အခါ ကြွက်သားတွေကို အားနည်းစေနိုင်ပါတယ်။


လေးဘက်နာ ဖြစ်နေလို့လား

လက်ကောက်ဝတ်နဲ့ လက်ချောင်းအဆစ်တွေမှာ အများဆုံး သိသာတတ်ပေမယ့် တခြားအဆစ်တွေမှာလည်း နာကျင်ကိုက်ခဲရတဲ့ လေးဘက်နာအဆစ်ရောင်ရောဂါ ကလည်း အကြောင်းရင်း ဖြစ်နိုင်ပါတယ်။ လေးဘက်နာ ဖြစ်ရင် အဆစ်တွေ အမြဲတမ်း နာကျင်၊ တောင့်တင်းနေစေနိုင်ပါတယ်။ တစ်ခါတလေတော့ ရောဂါက ငြိမ်နေပြီး မကြာမကြာမှ လက္ခဏာပေါ်လာတတ်ပါတယ်။


ရာသီဥတု ကြောင့်လား

ရာသီဥတု အေးလာပြီဆို အရိုးအဆစ်တွေ လှုပ်ရှားရမကောင်းတော့ဘူး ဆိုတာ လူကြီးမိဘတွေဆီက ကြားဖူးကြမှာပါ။ ရာသီဥတု ပြောင်းလဲတဲ့အခါ အရိုးအဆစ်နာခြင်းက ပိုဆိုးလာတာများပါတယ်။ လေးဘက်နာသမားတွေ ရာသီဥတု အေးရင် ပိုကိုက်ခဲကြတာ တွေ့ရများပါတယ်။


အရွတ်တွေ ထိခိုက်ထားလို့လား

နာတာရှည် ဖြစ်တတ်တဲ့ ဒီရောဂါကြောင့် အရိုးအဆစ်နဲ့ ကြွက်သားတွေ နာကျင်ကိုက်ခဲစေနိုင်တဲ့ အပြင် အိပ်စက်ခြင်း၊ စိတ်ပိုင်းဆိုင်ရာနဲ့ မှတ်ဉာဏ်ပိုင်းပြဿနာတွေပါ ရှိတတ်ပါတယ်။ ရောဂါတစ်ခုခု၊ ခွဲစိတ်မှု၊ စိတ်ဖိစီးမှု ပြင်းထန်တာတွေ နောက်ပိုင်းမှာ ဒီဝေဒနာ ပိုဆိုးစေတတ်ပါတယ်။


အရိုးအဆစ် ထိခိုက်မှုတစ်ခုခု ရှိထားလို့လား

အရိုးအဆစ်ကို ထိခိုက်မှုတစ်ခုခု ရှိထားတယ်ဆိုရင် ရောင်ရမ်းခြင်း နဲ့ တောင့်တင်းနာကျင်ခြင်းတွေ ဖြစ်နေမှာပါပဲ။ အရိုးအဆစ်တွေကို အသုံးပြုရများလွန်းရင်၊ လှုပ်ရှားမှု ပုံစံမမှန်ရင်လည်း အရွတ်ပါ ထိခိုက်ပြီး ဒီလိုတွေ ဖြစ်စေနိုင်ပါတယ်။


ဘယ်လိုသက်သာအောင် လုပ်မလဲ

(၁) အတန်အသင့် လှုပ်ရှားမှု

အရိုးအဆစ် တွေကို လှုပ်လှုပ်ရှားရှားနေလေ၊ တောင့်တင်းနာကျင်နေဖို့ အခွင့်အလမ်းနည်းလေ ပါပဲ။ အိမ်ရှေ့ခဏလောက် လမ်းထွက်လျှောက်တာ၊ အပင်လေးတွေ စိုက်တာလောက်နဲ့လည်း ကိုယ်လက်လှုပ်ရှားမှု ဖြစ်ပါတယ်။ အထိုင်များတဲ့အလုပ် ဆိုလည်း ဟိုဟိုဒီဒီ နည်းနည်းလမ်းလျှောက်ပေးတာ၊ ခြေဆန့်လက်ဆန့် အကြောလျှော့တာတွေ လုပ်ပေးပါ။


ပိတ်ရက်တွေမှာ ဖြစ်ဖြစ်၊ မနက်အစောပိုင်းဖြစ်ဖြစ် လေ့ကျင့်ခန်းအနည်းငယ် လုပ်ပေးရင် အရိုးအဆစ်တွေကို ထောက်ပံ့ပေးတဲ့ ကြွက်သားတွေကို သန်မာစေပြီး အရိုးတွေလည်း သန်မာစေမယ်၊ ဟန်ချက်ထိန်းနိုင်စွမ်း ပိုကောင်းစေမယ်၊ ကယ်လိုရီ လောင်ကျွမ်းစေတယ်။


နာနေလို့ ဆိုပြီး မလှုပ်မယှက် ငြိမ်နေရင် ပိုဆိုးပါလိမ့်မယ်။ အနည်းဆုံး ပုံမှန်လှုပ်ရှားမှုတော့ ရှိရပါမယ်။ လုံးဝလှုပ်မရဘဲ နာကျင်မှုပြင်းထန်တာ (ထိခိုက်မှုကြောင့် အရိုးအက်တာ လိုမျိုး) ဖြစ်နေရင်တော့ လိုအပ်တဲ့ ကုသမှု ခံယူတာ၊ ကြပ်ထုပ်ထိုးတာ၊ ဆေးစည်းတာ၊ ငြိမ်ငြိမ်နားနေတာ တို့ လုပ်သင့်ပါတယ်။ လှုပ်ရှားလေ ပိုဆိုးလေ ဖြစ်ရင်တော့ ချက်ချင်းရပ်ပြီး ဆရာဝန်ပြပါ။


(၂) အပူကုထုံး

မနက်ပိုင်း အဆစ်အမြစ် တောင့်တင်းနေတယ်ဆို ရေနွေးလေးနဲ့ ရေချိုးကြည့်ပါ။ သွေးလည်ပတ်မှု ကောင်းစေပြီး အကြောအခြင်တွေ ပြေလျော့စေပါတယ်။ ရေနွေးအိတ်လေး ကပ်ပေးလည်း ရပါတယ်။


(၃) အအေးကုထုံး

နာကျင်နေတဲ့ အဆစ်ကို ရေခဲကပ်လို့ ရပါတယ်။ သွေးကြောတွေကို ကျဉ်းစေပြီး နာကျင်နေတဲ့ ဧရိယာမှာ သွေးလည်ပတ်မှု နှေးစေတဲ့ အတွက် ရောင်ရမ်းမှုကို လျော့စေပါတယ်။ ရေခဲကို ပုဝါတစ်ခုနဲ့ ပတ်ပြီး နာတဲ့နေရာမှာ ကပ်ပေးပါ။ ဒါပေမယ့် တစ်ကြိမ်မှာ မိနစ် ၂၀ ထက် မပိုပါစေနဲ့။


မိမိ ကိုယ်ကိုယ် မိမိ အရိုးရောဂါနှင့်ပတ်သတ်ပြီး သက်ဆိုင်ရာဆရာဝန်နဲ့ ဆွေးနွေးကုသင့်ပါတယ်။



Ref:

Hellosayarwon

https://www.webmd.com/rheumatoid-arthritis/ss/slideshow-stiff-joints?ecd=wnl_men_110918&ctr=wnl-men-110918_nsl-LeadModule_cta&mb=XqDqxdS5atrOcb6CvGW2XhXFE73IOX1c1SGbzvGUxlE%3d


https://www.healthline.com/health/stiff-joints


အသေးစိတ်ကို ဖုန်း 09-450855777 ကို ဆက်သွယ်မေးမြန်းနိုင်ပါတယ်။

အင်ကြင်းဖြူမှ သတင်းအချက်လက်များနှင့် ဆေးပညာဆိုင်ရာ ဗဟုသုတများကို Telegram channel မှာ subscribe လုပ်ပြီး ဖတ်ရှုနိုင်ပါပြီ

Ingyin Phyu Telegram channel : https://t.me/igphealthcare


Accuracy, Timeliness, Expertise

အဆင့်မြင့် ရောဂါရှာဖွေရေး ဓါတ်ခွဲခန်း

အမှတ် (၅၁/I)၊ လမ်း ၃၀၊ ၇၇x၇၈ လမ်းကြား၊

ချမ်းအေးသာဇံမြိုနယ်၊ မန္တလေးမြို။

Hot Line: 09450855777

Comments


Mandalay

No. 51/I, Between 77th and 78th Streets, Chanayetharzan Township, Mandalay.

09-450855777, 09-796603020

Kyaukse

No.16 , Beside YGN-MDY Road,Pyi Lone Naing Quarter,Kyaukse

09-770707047 , 09-954400034

Lashio

Near Mandalay Street Point,Quard4), Lashio

09-400499941 , 09-400499942

Yangon

No.470,Thitsar Street Quarter(3),

South Okkallapa , Yangon.

09-765452996 ,09-765452997 ,

09-765453364,09-765453365

Laboratory Addresses

Mandalay

(collection -I)

No.65(B),58st,bet 113&113(A)st, Pyigyitagon Township, Mandalay.

09796603175 , 09941995745

CLINIC Addresses

30th street , Between 63×64 Streets , Mandalay

09 450866777

  • viber-icon-logo-4E5ED1327A-seeklogo.com
  • LinkedIn
  • Telegram-Logo_edited
  • IGP_Facebook
bottom of page