top of page

မနက်ဖြန်က စပြီး ဝိတ်ချပြီ

"မနက်ဖြန်က စပြီး ဝိတ်ချပြီ"


အကြိမ်ဖန်များစွာ ကြားဖူးတယ်ကြမယ်မလား ဒီစကားကို ၊

တချို့အတွက်ဆို ပြောနေကြ စကားတောင် ဖြစ်နေပါပြီ ။

ဒီလိုမျိုး ပေါင်ချိန်စက်ပေါ်ကဆင်းတိုင်း ကိုယ့် ဝိတ် အမှန်ကို မသိဘဲ ဝိတ်ချဖို့ ဆုံးဖြတ်နေတာ ဘယ်နှစ်ခါရှိပြီလဲ? ကိုယ်က တကယ်ရော ဝိတ်တက်လာလို့ လား ၊ ပေါင်ချိန်စက်က ဂဏာန်းကိုကြည့်ပြီး ပြောနေတာဆိုရင် နည်းနည်းလေးတော့ လွဲနေပါပြီ။


ree

ပေါင်ချိန်စက်ပေါ် တက်လိုက်တိုင်း ဝိတ်ကတက်လိုက်ကျလိုက်နဲ့ဖြစ်ဖူးလား။ ဟယ် ငါဘယ်နှပေါင်ကျသွားပြီဆိုပြီးပျော်ပျော်ကြီးထပ်စား၊ ပိုဝ။ ဘာမှလည်းမစားရဘဲ ဘယ်နှပေါင်တက်သွားပြီဆိုပြီး ဆိုက်ကိုတွေဖောက်၊ အငတ်တွေခံ။ ဒီနှစ်မျိုးလုံးဖြစ်ကြရတာပေါင်ချိန်တဲ့နည်းနဲ့ အချိန်အခါ မှားနေလို့ပါ။


ပေါင်ချိန်စက်ပေါ်တက်လိုက်တိုင်း ကိုယ်အလေးချိန်အစစ်အမှန်မထွက်လာပါဘူး။ ဘယ်အချိန်မှာ ပေါင်ချိန်သင့်လဲ ဆိုတာကို ဒီစာဖတ်ပြီး နားလည်သွားပါလိမ့်မယ်။


(၁) ပေါင်ချိန်စက်အမျိုးအစား


ဆေးခန်းကပေါင်ချိန်စက်လား၊ အိမ်မှာဝယ်ထားတဲ့ပေါင်ချိန်စက်လား၊ လမ်းမှာ ဝင်ချိန်ခဲ့တာလား၊ ဂျင်မ်မှာ ချိန်တာလား အမျိုးစုံရှိနိုင်ပါတယ်။ပေါင်ချိန်စက်တွေက အမျိုးအစား၊ အမှတ်တံဆိပ်၊ ထုတ်လုပ်တဲ့နိုင်ငံနဲ့ အရည်အသွေးတွေ အမျိုးမျိုးကွာခြားတာမို့ ကိုယ်သုံးနေတာက တကယ်မှန်တဲ့ပေါင်ချိန်စက်ဖြစ်ဖို့လိုပါတယ်။ ပြောရရင် ဒစ်ဂျစ်တယ်တွေက ပိုမှန်လေ့ရှိတယ်။


(၂) အချိန်


မနက်ခင်းအချိန်က ကိုယ်အလေးချိန်ကိုအတိကျဆုံးတိုင်းတာဖို့ အကောင်းဆုံးအချိန်ဖြစ်ပါတယ်။ ဒီအချိန်မှာ အိပ်ရေးဝထားတယ်၊ ဘာမှ မစားထား၊ မသောက်ထားသေးဘူးလေ။ တခြားအချိန်တွေလည်းရပေမယ့် အစားစားထားရင်တော့ ကိုယ်အလေးချိန်က တက်နေမှာပဲဆိုတာ မမေ့နဲ့နော်။


(၃) လေ့ကျင့်ခန်း


ကိုယ်လက်လှုပ်ရှားတဲ့လေ့ကျင့်ခန်းတွေလုပ်ထားတယ်ဆိုရင် တစ်မျိုးပဲလုပ်ဦး၊ ချက်ချင်းတိုင်းကြည့်ရင် ကိုယ်အလေးချိန်ရဲ့ ၆% ကနေ ၁၀% ထိလျော့နေနိုင်ပါတယ်။ချွေးတွေထွက်တာများပြီး ရေဓာတ်ပြန်မဖြည့်ရသေးလို့ ဖြစ်နိုင်ပါတယ်။ အားကစားလုပ်ပြီး ပေါင်ပြေးမချိန်ပါနဲ့။


(၄) ကျန်းမာရေး


နေမကောင်းဖြစ်ပြီဆို ကိုယ်အလေးချိန်မှာ အပြောင်းအလဲဖြစ်တာပဲ။ နှလုံး၊ သွေးတိုး တို့လို နာတာရှည်ရောဂါတစ်ခုခုအခံရှိနေတယ်ဆိုရင် သက်ရောက်မှုရှိနေနိုင်ပါတယ်။ အစာစားချင်စိတ်မရှိတာ၊ ခန္ဓာကိုယ်ထဲမှာရေတွေစုနေတာ စတဲ့အကြောင်းတွေကြောင့် ကိုယ်အလေးချိန်မှာ အပြောင်းအလဲရှိနိုင်ပါတယ်။


(၅) ဆေးဝါး


အရောင်ကျဆေးတွေ၊ ဓာတ်မတည့်မှုဆေးဝါးတွေအပါအဝင် အမျိုးအစားတော်တော်များများကြောင့် ကိုယ်အလေးချိန်မြန်မြန်ကျစေနိုင်တယ်။ အင်ဆူလင်၊ စိတ်ကျရောဂါသောက်ဆေးတွေ၊ အတက်ရောဂါဆေးတွေလို တခြားဆေးတွေကတော့ ကိုယ်အလေးချိန်ကို အမြန်တက်စေနိုင်တယ်။ ကျန်းမာရေးကြောင့်လိုအပ်လို့ သောက်နေရတဲ့ဆေးတွေကြောင့် ဝိတ်အတက်အကျဖြစ်တဲ့အခါ မစိုးရိမ်ပါနဲ့။သောက်နေရတဲဆေးတွေရဲ့ဘေးထွက်ဆိုးကျိုးကိုသေချာမေးထားရင်လည်းကောင်းပါတယ်။


(၆) ရေ (အများကြီးသောက်ထားတာ)


ရေ တစ်လီတာက အလေးချိန် ၂ပေါင်လောက်ရှိပါတယ်။ ဒါ့ကြောင့် ရေတွေအများကြီးသောက်ထားပြီး လှုပ်ရှားမှုလည်းသိပ်မရှိဘူးဆိုရင် ပေါင်ချိန်လိုက်တာနဲ့ တက်နေမှာပဲ။ ရေသောက်ထားပြီးကာစ (အထူးသဖြင့် အချိုရည်တွေသောက်ထားပြီး) ပေါင်မချိန်ကြည့်နဲ့ပေါ့။


(၇) ရေ (အလုံအလောက်မသောက်ထားတာ)


ခန္ဓာကိုယ်ရဲ့ ၅၅% နဲ့ ၇၅%လောက်က ရေဓာတ်နဲ့ ဖွဲ့စည်းထားတာပါ။ သဘာဝအလျောက်လိုအပ်တဲ့ရေဓာတ်ပမာဏအောက်လျော့နည်းသွားရင် ခေါင်းကိုက်တာ၊ အသားခြောက်တာတွေ ဖြစ်လာနိုင်ပါတယ်။ ဒီထက်ပိုနည်းရင် ဦးနှောက်က စဉ်းစားတွေးတောနိုင်စွမ်းမှာ ပြဿနာရှိလာမယ်။ ကိုယ်အလေးချိန်လည်း ရုတ်တရက်ကျသွားနိုင်တယ်။ တစ်နေ့တာမှာ ကုန်ဆုံးသွားတဲ့ ရေဓာတ်ပမာဏကို ပြန်မဖြည့်တဲ့အခါ ကိုယ်အလေးချိန်လျော့နေမှာပါ။


(၈)ကော်ဖီ


လေ့လာမှုတွေအရ ကော်ဖီသောက်တာက အစာစားချင်စိတ်ကို ချိုးနှိမ်ပစ်လိုက်နိုင်ပြီး ကယ်လိုရီအနည်းငယ်လောင်ကျွမ်းစေနိုင်တယ်လို့ သိရပါတယ်။ ဒါပေမယ့် နို့များများ၊ အချိုများများနဲ့ ပျစ်နှစ်နေတဲ့ကော်ဖီဆိုရင်တော့ ဝိတ်ပိုတက်စေနိုင်ပါတယ်။


(၉) အငန်


အငန်စားတာများရင် နှလုံးအတွက်မကောင်းပါဘူး။ ရေဓာတ်လည်းစုစေနိုင်လို့ ကိုယ်အလေးချိန်လည်းတက်စေနိုင်တယ်။ အငန်စားတာများတဲ့သူတွေဟာ ပြုပြင်စီမံထားတဲ့အစားအစာတွေ၊ သရေစာတွေကိုပိုစားမိတတ်ပါတယ်။ အဲ့တော့ အဆီနဲ့ကယ်လိုရီများတာတွေ စားမိပြီး ဝိတ်အမြန်တက်နိုင်တာပေါ့။


(၁၀) အိပ်စက်မှု


အိပ်စက်မှုအမူအကျင့်တွေက ကိုယ်အလေးချိန်ကိုပြောင်းလဲစေနိုင်တယ်ဆိုတာ သုတေသနတွေ့ရှိချက်တွေကဖော်ပြထားပါတယ်။ ဥပမာ ညဘက်တွေအိပ်မပျော်ဘူးဆိုရင်နောက်နေ့မှာ ပုံမှန်ထက်ပိုဆာပြီး ပိုစားမိတတ်တယ်။ ဒါ့ကြောင့် အိပ်ရေးပျက်ထားတယ်ဆိုနောက်နေ့မှာ ဝိတ်မချိန်ကြည့်နဲ့ဦး။


ဒီတော့ ဝိတ်လျှော့မယ်ဆို တစ်ပတ်တစ်ကြိမ် သို့မဟုတ် တစ်လတစ်ကြိမ် အချိန်သတ်မှတ်ပြီး တိုင်းတာပါ။ ဒီအချက်တွေလိုမျိုး ကိုယ်အလေးချိန်အပေါ် သက်ရောက်နေတဲ့အရာတွေ အများကြီးရှိနိုင်တယ်ဆိုတာကို Diet & Exercises လုပ်နေတဲ့ ပျိုမေတို့သိထားဖို့လိုပါတယ်။ အားနေ ပေါင်ချိန်စက်ပေါ်ပြေးပြေးတက်ပြီး ဆိုက်ကိုမဖောက်ကြပါနဲ့လို့။


Ref: Hellosayarwon

Ref: https://www.medicinenet.com/to_weigh__or_not_to_weighthat_is_the_question/views.htm


Accuracy, Timeliness, Expertise

အဆင့်မြင့် ရောဂါရှာဖွေရေး ဓါတ်ခွဲခန်း

အမှတ် (၅၁/I)၊ လမ်း ၃၀၊ ၇၇x၇၈ လမ်းကြား၊

ချမ်းအေးသာဇံမြို့နယ်၊ မန္တလေးမြို့။

Hot Line: 09450855777


အင်ကြင်းဖြူမှ သတင်းအချက်လက်များနှင့် ဆေးပညာဆိုင်ရာ ဗဟုသုတများကို Telegram channel မှာ subscribe လုပ်ပြီး ဖတ်ရှုနိုင်ပါပြီ

Ingyin Phyu Telegram channel : https://t.me/igphealthcare


Comments


Mandalay

No. 51/I, Between 77th and 78th Streets, Chanayetharzan Township, Mandalay.

09-450855777, 09-796603020

Kyaukse

No.16 , Beside YGN-MDY Road,Pyi Lone Naing Quarter,Kyaukse

09-770707047 , 09-954400034

Lashio

Near Mandalay Street Point,Quard4), Lashio

09-400499941 , 09-400499942

Yangon

No.470,Thitsar Street Quarter(3),

South Okkallapa , Yangon.

09-765452996 ,09-765452997 ,

09-765453364,09-765453365

Laboratory Addresses

Mandalay

(collection -I)

No.65(B),58st,bet 113&113(A)st, Pyigyitagon Township, Mandalay.

09796603175 , 09941995745

CLINIC Addresses

30th street , Between 63×64 Streets , Mandalay

09 450866777

  • viber-icon-logo-4E5ED1327A-seeklogo.com
  • LinkedIn
  • Telegram-Logo_edited
  • IGP_Facebook
bottom of page