
၁၀.၁.၂၀၂၃
နှစ်စဉ် ဇန်နဝါရီလတွင် လောင်းလှူနေကြဖြစ်သော အင်ကြင်းဖြူမိသားစု၏ အမရပူရမြို့ မဟာဂန္ဓာရုံကျောင်းတိုက် ဆွမ်းလောင်းအလှူ

အင်ကြင်းဖြူ အဆင့်မြင့်ရောဂါရှာဖွေရေးဓာတ်ခွဲခန်းနှင့် အထူးကုဆေးခန်းသို့ လာရောက် ကုသမှုခံယူသော လူနာ၊ လူနာရှင်များအတွက် 2023 Calendar များ လက်ဆောင်ပေးအပ်ခဲ့ပါတယ်။



“အင်ကြင်းဖြူ မိသားစု၏ဒါန ကုသိုလ်”
မြန်မာသက္ကရာဇ် ၁၃၈၁ ၊ ပြာသိုလပြည့်ကျော် (၁)ရက်နေ့တွင် ရာသက်ပန် လှူဒါန်းနေကြဖြစ်သော
အမရပူရမြို့ မဟာဂန္ဓာရုံကျောင်းတိုက်တွင် သတင်းသုံးတော်မူလျက်ရှိကြသော
- ရဟန်းတော် ၆၃၄ ပါး၊
- သာမဏေ ၆၁၄ ပါးနှင့်
- ဖိုးသူတော် ၇၇ ပါးတို့အား
အင်ကြင်းဖြူ အဆင့်မြင့်ရောဂါရှာဖွေရေး ဓါတ်ခွဲခန်းနှင့် အထူးကုဆေးခန်း မိသားစုမှ နိဗ္ဗာန်အကျိုးကို မျှော်ကိုးလျက်......
🔹 မြတ်သင်္ကန်းများ ကပ်လှူခြင်း
🔹 နဝကမ္မ အလှူငွေများ လှူဒါန်းခြင်း
🔹ရသာစုံလင်သော နေ့ဆွမ်းဆပ်ကပ်လှုဒါန်းခြင်း
🔹 ဆပ်ပြာ မှုန့် နှင့် ကော်ဖီထုတ်များ လှူဒါန်းခြင်း အစရှိသည်ဖြင့် လှူဒါန်းမှုများကိုပြုခဲ့ပါသည်။
ကောင်းမှူကုသိုလ် အစုစုအား အင်ကြင်းဖြူ မိသားစုနှင့် ထပ်တူ ဆက်စပ်လျက်ရှိသော ....
ကျေးဇူးရှင် ဆရာကြီး၊ဆရာမကြီးများ နှင့် မိတ်ဆွေအပေါင်းတို့ အား သာဓုခေါ်ဆိုနိုင်စေရန် မျှဝေအပ်ပါသည်။