top of page

ဆောင်းရာသီ အခိုးခံရခြင်း

"အေးတယ်"ဆိုတဲ့ ခံစားမှုကို မခံစားရတာ (၂)ပတ်လောက်ရှိနေပါပြီ။

ပုံမှန်ဆို Feb အကုန် March လ ပထမပတ် ၊ တပေါင်းလပြည့်နေ့ အထိ ဆောင်းရာသီရဲ့ သက်တမ်းရှိပါတယ်။ အခုတော့ မရောက်ချင်တဲ့နွေရာသီရောက်လာပါပြီ။


ree

နွေရဲ့ အပူဒဏ်ဟာ ချွေးကိုပိုထွက်စေတယ်၊ ပင်ပန်းမှုတွေကို နှစ်ဆပိုဖြစ်စေတယ်၊ အသားအရေကိုထိခိုက်စေတယ် စတဲ့ မကောင်းတဲ့အချက်တွေ များတာကြောင့် လူတိုင်း နွေရောက် မှာကို ကြောက်ကြပါတယ်။ ဒါ့အပြင် နွေရဲ့ အပူချိန်ဟာ ကျန်းမာရေးကို ထိခိုက်စေတာတွေ ပိုဖြစ်နိုင်တာကြောင့် နွေဆို မရောက်ချင်ကြတဲ့သူတွေ များနေတာပါ။ ဒီတော့ နွေရဲ့ အပူချိန်ကို အံတုဖို့ ဘယ်လိုတွေ ပြင်ဆင်ရမလဲ ဆိုတာကို AI တစ်ခုဖြစ်တဲ့ Chat GPT ကို မေးထားပြီး စာရေးသူက ဖြေထားသမျှကို ဘာသာပြန်ပေးလိုက်ပါတယ်။


၁။ ရေဓာတ်ပြည့်ဝအောင်နေပါ။

ရေများများသောက်ခြင်း ၊ အုန်းရည် နဲ့ အခြားရေဓာတ်ဖြည့် ဖျော်ရည်များသောက်ခြင်းဖြင့် တစ်နေကုန် ရေဓာတ်ပြည့်ဝစွာနေနိုင်ပါတယ်။ သကြားဓာတ်ပါသော ၊ ကဖင်းဓာတ်ပါသော အချိုရည်များသောက်ခြင်းကို ရှောင်ကျဉ်ရပါမယ်။


၂။ ပေါ့ပေါ့ပါးပါး ဝတ်ဆင်ပါ။

အရောင်ဖျော့သော ၊ လေဝင်လေထွက်ကောင်းစေသော ချည်ထည်များကို ရွေးချယ်ဝတ်ဆင်သင့်ပါတယ်။ ချောင်ချောင်ချိချိ အဝတ်အစားများဟာ လေဝင်လေထွက် ပိုမိုကောင်းစေပါတယ်။


၃။အရိပ်ထဲတွင်နေပါ။

ဖြစ်နိုင်ပါက နေအပူချိန်များသောအချိန် ( မနက် ၁၁ မှ ညနေ ၃နာရီ ) တွင် အရိပ်ထဲမှာ နားနေပါ။ အပြင်ထွက်ပါက နေပူဒဏ်ကို ကာကွယ်ဖို့ ဦးထုပ်နဲ့ နေကာမျက်မှန်တပ်သင့်ပါတယ်။ နေရောင်ခြည် အရေပြားကို ထိတွေ့မှုသက်သာစေရန်နှင့် ခရမ်းလွန်ရောင်ခြည်မှ ကာကွယ်ရန် အနည်းဆုံး SPF 30 ပါသော နေရောင်ကာခရင်မ်ကို လိမ်းသွားသင့်ပါတယ်။


၄။ ပန်ကာ၊အဲကွန်း အသုံးပြုပါ။

အခန်းတွင်းအပူချိန်များသောနေရာများမှာ လိုအပ်တဲ့အအေးဒဏ်ကို ထိန်းသိမ်းရန်အတွက် အဲကွန်း၊ပန်ကာအသုံးပြုသင့်ပါတယ်။ ပန်ကာလေ တိုက်ရိုက်မခံသင့်ပါ။ အသုံးပြုရန်အဆင်သင့်မဖြစ်ပါက အေးမြ စိုစွတ်သော မျက်မှာသုတ်ပုဝါကို အသုံးပြုပါ။


၅။မကြာခဏ အနားယူပါ။

အပြင်မှ အလုပ်လုပ်နေရသူ၊ကိုယ်လက်လှုပ်ရှားမှုပြုလုပ်နေရသူ ဖြစ်ပါက အေးမျှသောအရိပ်နေရာမှာ မကြာခဏ အနားယူပါ။


၆။ ပြင်ထန်သော လှုပ်ရှားမှုများကို ရှောင်ကြဉ်ပါ။

နေအပူဆုံးအချိန်များတွင် အပြင်းအထန် ကိုယ်လက်လှုပ်ရှားမှုပြုလု်ခြင်းကို ရှောင်ကြဉ်ပြီး ပိုအေးမျှသော နံနက် သို့မဟုတ် ညနေခင်းများတွင် လုပ်ရှားမှုပြုလုပ်ပါ။


၇။အပူကြောင့်ဖြစ်တတ်သောရောဂါများကို သတိပြုပါ။

ခေါင်းကိုက်ခြင်း၊မူးဝေခြင်း၊စိတ်ရှုပ်ထွေးခြင်း နှင့် နှလုံးခုန်မြန်ခြင်း တွေဟာ အပူကြောင့်ဖြစ်တဲ့ ရောဂါလက္ခာဏာတွေဖြစ်ပါတယ်။ ဒီလို ရောဂါလက္ခာဏာများကိုခံစားရပါက နီးစပ်ရာ ကျန်းမာရေးဆေးခန်းများမှာ အမြန်ဆုံးလာရောက်ကုသမှုခံယူသင့်ပါတယ်။


အင်ကြင်းဖြူမှ သတင်းအချက်လက်များနှင့် ဆေးပညာဆိုင်ရာ ဗဟုသုတများကို Telegram channel မှာ subscribe လုပ်ပြီး ဖတ်ရှုနိုင်ပါပြီ Ingyin Phyu Telegram channel : https://t.me/igphealthcare

Accuracy, Timeliness, Expertise အဆင့်မြင့် ရောဂါရှာဖွေရေး ဓါတ်ခွဲခန်း အမှတ် (၅၁/I)၊ လမ်း ၃၀၊ ၇၇x၇၈ လမ်းကြား၊ ချမ်းအေးသာဇံမြိုနယ်၊ မန္တလေးမြို။ Hot Line: 09450855777

Comments


Mandalay

No. 51/I, Between 77th and 78th Streets, Chanayetharzan Township, Mandalay.

09-450855777, 09-796603020

Kyaukse

No.16 , Beside YGN-MDY Road,Pyi Lone Naing Quarter,Kyaukse

09-770707047 , 09-954400034

Lashio

Near Mandalay Street Point,Quard4), Lashio

09-400499941 , 09-400499942

Yangon

No.470,Thitsar Street Quarter(3),

South Okkallapa , Yangon.

09-765452996 ,09-765452997 ,

09-765453364,09-765453365

Laboratory Addresses

Mandalay

(collection -I)

No.65(B),58st,bet 113&113(A)st, Pyigyitagon Township, Mandalay.

09796603175 , 09941995745

CLINIC Addresses

30th street , Between 63×64 Streets , Mandalay

09 450866777

  • viber-icon-logo-4E5ED1327A-seeklogo.com
  • LinkedIn
  • Telegram-Logo_edited
  • IGP_Facebook
bottom of page