top of page

အရိုးပွရောဂါ အကြောင်း သိကောင်းစရာ



ကျွန်တော်တို့ ငယ်ငယ်ကတည်းက ရင်းရင်းနီးနီး သိခဲ့ကြတယ်။ ကယ်စီရမ်နဲ့ အရိုးဆက်သွယ်ချက်ကိုလေ....။


အရိုးဖြစ်ပေါ်ဖို့အတွက် ကယ်စီယမ် နှင့် ဖော့စဖိတ်ဓာတ်များလိုအပ်ပါတယ်။အရိုးထုတ်လုပ်မှုနှင့် အရိုးတစ်ရှူးများအတွက် လိုအပ်သော ကယ်စီယမ်ကို လူတို့ နေစဉ်စားသောက်အစားစာ များမှ ရရှိပါတယ်။ လိုအပ်သော ကယ်စီယမ်ဓာတ်မရရှိပါက အရိုးဖြစ်စဉ်များကို ထိခိုက်နိုင်ပါတယ်။

အသက်ရွယ်ကြီးရင့်ခြင်းဟာ အရိုးပွရောဂါဖြစ်ပွားခြင်းရဲ့ အဓိကအကြောင်းရင်းဖြစ်ပါတယ်။ အရိုး ပုံမှန်ဖြစ်စဉ်သည် အရိုးသစ်များဖြစ်ပေါ်ပြီး အရိုးဟောင်းပျက်စီးလေ့ရှိပါတယ်။အရိုးသစ်ဖြစ်ပွားမှုသည် အရိုးဟောင်းပျက်စီးမှုထပ် မြန်သောကြောင့် အရိုးအလေးချိန်တတ်တယ်။အသက်ကြီးလာသော အခါအရိုးအလေးချိန်ကျဆင်းပါတယ်။အရိုးပွရောဂါဖြစ်ပွားမှုသည် ငယ်စဉ်အခါက ရရှိခဲ့သော အရိုးသိပ်သည်းဆ အလေးချိန်ပေါ်တွင် တစိပ်တဒေသ မှုတည်ပါတယ်။အသက် ၃၅ နှစ် ထိ အရိုးအလေးချိန်များခဲ့ပါက အသက်ကြီးလာတဲ့အခါ အရိုးပွရောဂါဖြစ်ပွားမှုနှုန်း လျော့နည်းပါလိမ့်မယ်။


အသက်ရွယ်ကြီးသူတွေမှာ အရိုးပွရောဂါဖြစ်နိုင်ချေမြင့်မားပါတယ်။ ယောက်ျားလေးတွေထပ် မိန်းခလေးတွေမှာ ပိုအဖြစ်များပါတယ်။ခန္ဓာကိုယ် ပိန်သောသူများ ၊ အရိုးပွရောဂါဖြစ်သွားခဲ့သူ ရှိဖူးသော မိသားစုများ ၊ ဝိတ်ချ ဖို့ကြိုးစားရန်အတွက် အစားလျော့စားသူများတွင် ကယ်စီယမ်နှင့် ဗီတာမင်ဒီ နည်းသော အစား အစာများစားသုံးချင်ကြောင့် အရိုးပွရောဂါကို ဖြစ်ပွားစေပါသည်။


အရိုးပွရောဂါကို နေထိုင်မှုပုံစံပြောင်းလဲခြင်း ၊ စနစ်တကျ စားသုံးခြင်းဖြင့်ကာကွယ်နိုင်ပါတယ်။ ကယ်လ်စီယံနှင့် ဗီတာမင်ဓာတ်ပါသောအစားအစာများ ၊ ပရိုတိမ်း နှင့် ဆိုဒီယမ်ဓာတ်ပါသော အစားအစာများ စားသုံးခြင်းတို့ဖြင့်ကာကွယ်နိုင်ပါတယ်။ ကိုယ်ကာယ လေ့ကျင့်ခန်းလုပ်ခြင်းဖြင့်လည်း အရိုးကြွက်သားများကို သန်မာစေပြီး အရိုးကျန်းမာရေးကို ကောင်းမွန်စေပါတယ်။

ဆေးလိပ်၊ အရက်သောက်ခြင်းကို ရှောင်ကျဉ်ပါ။ အရက်သောက်ခြင်းက အရိုးဖြစ်ပေါ်မှုကို နှောက်နှေးပါတယ်။ နေ့စဉ်လုပ်ငန်းများ ဆောင်ရွက်တဲ့ အခါ ချော်မလဲ အောင် ဂရုစိုက်ပါ။


Accuracy, Timeliness, Expertise အဆင့်မြင့် ရောဂါရှာဖွေရေး ဓါတ်ခွဲခန်း အမှတ် (၅၁/I)၊ လမ်း ၃၀၊ ၇၇x၇၈ လမ်းကြား၊ ချမ်းအေးသာဇံမြို့နယ်၊ မန္တလေးမြို့။ Hot Line: 09450855777 02-4023714

0 views0 comments
bottom of page