top of page

အစာအိမ်နှင့်အူလမ်းကြောင်းမှန်ပြောင်းကြည့်ရှုခြင်း

အစာအိမ်နှင့်အူလမ်းကြောင်းမှန်ပြောင်းကြည့်ရှုခြင်းဆိုသည်မှာ ခေါတ်မီနည်းပညာတစ်ခုဖြစ်သည့် မှန်ပြောင်းကြည့်ရှုစက်ကိုအသုံးပြုကာ သေးငယ်သောကင်မရာပါသည့် ပိုက်မှတဆင့် မိမိစစ်ဆေးလိုသော အစာအိမ်နှင့်အူလမ်းကြောင်းတစ်လျှောက် နေရာများကို ကင်မရာမှတစ်ဆင့် စစ်ဆေးကြည့်ရှုခြင်းဖြစ်ပါသည်။စစ်ဆေးကြည့်ရှုနေစဉ်အတွင်းအသားစယူခြင်း၊ ဆေးဖျဉ်းခြင်း၊ အသားပိုများဖြတ်ထုတ်ခြင်း စသည့်လိုအပ်သော ကုသမှုများကိုလည်းဆောင်ရွက်နိုင်ပါသည်။


အစာအိမ်မှန်ပြောင်းကြည့်ရှုစစ်ဆေးသင့်သူများ.....

(၁) နာတာရှည်အစာမကြေခြင်းခံစားရသူများ (၂) ရုတ်တရက်ကိုယ်အလေးချိန်ကျဆင်းသွားသူများ (၃) ရောဂါဇစ်မြစ်ရှာမတွေ့ဘဲ သွေးအားနည်းရောဂါခံစားနေရသူများ (၄)နာတာရှည်အစာအိမ်ရောဂါခံစားရသူများ (၅) အစာရေမျိုပြွန်၊ အစာအိမ်နှင့် အူမကြီးကင်ဆာမျိုးရိုးရှိသူများ (၆) အစာမျိုချရခက်ခဲသူများနှင့် အစာမျိုလျှင်နာကျင်နေသူများ (၇) အစာအိမ်သွေးကြောပေါက်သူများ (၈) အစာအိမ်နှင့်အူလမ်းကြောင်း သွေးယိုစိမ့်နေသူများ (၉) အစာအိမ်အနာရှိသူများနှင့် မကြာခဏပျို့အန်နေသူများ (၁၀) အစာအိမ်နှင့် အူလမ်းကြောင်း ဆရာဝန်ကြီးမှ မှန်ပြောင်းကြည့်ရှုရန်အကြံပြုခံထားရသူများ

အူမကြီးလမ်းကြောင်းမှန်ပြောင်းကြည့်ရှုသင့်သူများ.....

(၁) ဝမ်းသွားရာတွင်သွေးပါနေသူများ (၂) ကာလကြာရှည်စွာ ဝမ်းလျောနေသူများ သို့မဟုတ် ဝမ်းချုပ်နေသူများ (၃) ဝမ်းသွားခြင်းအလေ့အထ ပုံမှန်မဟုတ်ဘဲ ပြောင်းလဲလာသူများ (၄)ရောဂါဇစ်မြစ်ရှာမတွေ့ဘဲ ဗိုက်ဝေဒနာခံစားနေရသူများ (၅) ရုတ်တရက်ကိုယ်အလေးချိန်ကျဆင်းသွားသူများ (၆)ရောဂါဇစ်မြစ်ရှာမတွေ့ဘဲ သွေးအားနည်းရောဂါခံစားနေရသူများ (၇) အူမကြီးကင်ဆာမျိုးရိုးရှိသူများ (၈) အစာအိမ်နှင့် အူလမ်းကြောင်း ဆရာဝန်ကြီးမှ မှန်ပြောင်းကြည့်ရှုရန်အကြံပြုခံထားရသူများ

⭐️⭐️⭐️⭐️⭐️⭐️⭐️⭐️⭐️⭐️

အင်ကြင်းဖြူအထူးကုဆေးခန်းတွင် ကြည်လင်ပြတ်သားသော အစာအိမ်အူလမ်းကြောင်းမှန်ပြောင်းစက်များဖြင့် ကျွမ်းကျင်သော ဆရာဝန်ကြီးကိုယ်တိုင်ဦးစီး၍ ကျွမ်းကျင်သောကျန်းမာရေးဝန်ထမ်းများဖြင့်

🌟အစာအိမ်အူလမ်းကြောင်းရောဂါနှင့်ပတ်သက်၍ တိုင်ပင်ဆွေးနွေးခြင်း 🌟အစာအိမ်မှန်ပြောင်းကြည့်ရှုခြင်းနှင့်အထူးကုသပေးခြင်း 🌟အူမကြီးလမ်းကြောင်းမှန်ပြောင်းကြည့်ရှုခြင်းနှင့် အထူးကုသပေးခြင်း 🌟ဆေးဝါးကုသခြင်း 🌟အထူးကုဆရာဝန်ကြီးများနှင့်စနစ်တကျပြသခြင်း စသည်တို့ကို ဝန်ဆောင်မှုပေးလျက်ရှိပါသည်။

Accuracy, Timeliness, Expertise Passion to Care


အင်ကြင်းဖြူ အထူးကုဆေးခန်း အမှတ် (၂၂)၊ လမ်း (၃၀)၊ ၆၃x၆၄လမ်းကြား၊ အောင်တော်မူရပ်၊ ချမ်းအေးသာဇံမြို့နယ်၊ မန္တလေးမြို့။ 09-450866777

အင်ကြင်းဖြူ ဓါတ်ခွဲခန်း

အမှတ် (၅၁/I)၊ လမ်း ၃၀၊ ၇၇x၇၈ လမ်းကြား၊ ချမ်းအေးသာဇံမြို့နယ်၊ မန္တလေးမြို့။

09-450855777

6 views0 comments
bottom of page