အစာမေၾကျဖစ္ေနပါသလား
- Myothaw tun

- Aug 31, 2020
- 1 min read
လူတိုင်း အစာမကြေခြင်းကြောင့် အအိပ်ပျက် ၊ အစားပျက် ဖြစ်ဖူးကြမှာပါ။

အစာမကြေခြင်းကို ရောဂါတစ်ခုလို့ မသတ်မှတ်ပါဘူး။ အစာအိမ်အူလမ်းကြောင်း အပေါ်ပိုင်း အသက်တောင့်သက်သာမရှိတဲ့ နာကျင်တဲ့ မကျန်းမာတဲ့ အခြေနေတစ်ခုသာ ဖြစ်ပါတယ်။
နေ့စဉ် အပြုမှူများ နဲ့ ဆေးလိပ်နှင့် အရက်သောက်ခြင်း ၊အစာ အစားများခြင်း ၊ အမြန်စားခြင်း နှင့် စိတ်ဖိစီးမှုများကြောင့် အစာမကြေဖြစ်နိုင်ပါတယ်။
အစာမကြေခြင်း မဖြစ်အောင် ဘယ်လိုနေထိုင်စားသောက်သင့်သလဲ?
အစာစားတိုင်းမှာ သင့်လျော်တဲ့ပမာဏကိုသာစားပါ။
ညအချိန်အစာမကြေဖြစ်ခြင်းကို ခံစားရရင် ညဘက်အစာစားခြင်းကို ရှောင်ကျဉ်ပါ။
ရင်ပူစေတဲ့ အစပ်စာ၊ အဆီများတဲ့ အစားတွေကို ရှောင်ကျဉ်ပါ။
ဖြည်းညင်းစွာ စားပါ။
ဆေးလိပ်ဖြတ်ပါ၊ ဆေးလိပ်လျှော့သောက်ပါ။
ကျန်းမာတဲ့ ကိုယ်အလေးချိန်ကို ထိန်းသိမ်းပါ။
ကော်ဖီ၊ အချိုရည်၊ အရက်သောက်ခြင်းကို လျှော့ပါ။
အစာအိမ်နံရံကို ထိခိုက်နိုင်တဲ့ အကိုက်အခဲပျောက်ဆေးတွေ၊ အခြားဆေးတွေကို ဆရာဝန်နဲ့ တိုင်ပင်ပြီး အစားထိုးပါ။
နေ့စဉ်ဘဝမှာ စိတ်ဖိစီးမှုလျော့နည်းအောင်နေပါ။
မကြာခဏ ဖြစ်တတ်ပါက အစာအိမ်နှင့် အူလမ်းကြောင်းထိခိုက်မှုမှ ကာကွယ်ရန် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။
Accuracy, Timeliness, Expertise အဆင့်မြင့် ရောဂါရှာဖွေရေး ဓါတ်ခွဲခန်း အမှတ် (၅၁/I)၊ လမ်း ၃၀၊ ၇၇x၇၈ လမ်းကြား၊ ချမ်းအေးသာဇံမြို့နယ်၊ မန္တလေးမြို့။ Hot Line: 09450855777 02-4023714
Ref : HelloSayarwon



Comments