အိမ်သုံး ဆီချိုတိုင်းစက် အကြောင်းသိကောင်းစရာ
- Myothaw tun

- Nov 25, 2021
- 1 min read
အိမ်သုံး ဆီချိုတိုင်းစက် အသုံးပြုနေကြတဲ့ မိသားစုတွေ သထိထားမိအောင် ဆောင်ရန် ရှောင်ရန် တွေကို ရေးသားထားပါတယ်။

အိမ်သုံးဆီးချိုတိုင်းစက် တစက်တည်းကို တခြားသူတွေနဲ့ အတူတူသုံးသင့်လား၊
အတူတူသုံးမယ့်သူတွေရဲ့ ကျန်းမာရေးပေါ်မှာ အများပြီးမူတည်နေကြပါတယ်။
အသည်းရောင်အသားဝါ ဘီပိုး ၊ စီပိုး စသော သွေး ၊ ချွေး၊ တံတွေး တို့မှ ကူးစက်နိုင်သော ရောဂါပိုးတွေ ကူးစက်ခံလိုက်ရနိုင်ပါတယ်။ ဒါ့ကြောင့် အိမ်သုံး ဆီချိုတိုင်းစက်တွေကို လူတစ်ယောက်တည်းပဲသုံးစွဲသင့်ပါတယ်။ လိုအပ်လို့ မိသားစုတွင်း မျှဝေသုံးစွဲဖို့ လိုအပ်လာရင်လဲ သေချာသန့်စင်ဆေးကြောပြီးမှ အသုံးပြုဖို့လိုအပ်ပါတယ်။
လက်ထိပ်သွေးဖောက်အပ်(Lancet)တွေကို စစ်ဆေးပြီးတိုင်းလဲဖို့လိုပါသလား
တစ်ခါသုံးပြီးသား အပ်ကို မသန့်စင်ဘဲ ပြန်ပြီးအသုံးပြုမယ်ဆိုရင် ပိုးဝင်နိုင်ပါတယ်။ အသုံးပြုပါများလာတဲ့အခါ အပ်တုံးသွားနိုင်တဲ့အတွက် သွေးဖောက်စစ်ကြည့်အခါ နာကျင်နိုင်ပါတယ်။ ဒါကြောင့် တစ်ကြိမ်ဖောက်ပြီးတိုင်း အပ်အသစ်တချောင်းလဲပေးတာ အကောင်းဆုံးပါဘဲ။
အိမ်သုံးဆီချိုစက်က ထုတ်ပေးတဲ့ အဖြေက တိကျမှုရှိပါသလား။
အိမ်သုံးဆီးချိုတိုင်းစက် အဖြေတွေက အောက်ပါအချက်တွေပေါ်မူတည်ပြီး လွဲမှားနိုင်ပါတယ်။
Test strip ပြဿနာ – ထုတ်လုပ်တဲ့ test strip တွေ တစ်ခါတစ်ရံ အရည်အသွေးမပြည့်မှီတာ၊ သိမ်းဆည်းပုံ မမှန်ကန်တာတွေဖြစ်ရင် အဖြေမှားယွင်းနိုင်ပါတယ်
ပတ်ဝန်းကျင်အခြေအနေ – ပတ်ဝန်းကျင်အပူချိန်နဲ့ စိုထိုင်းစတွေကလည်း စက်နဲ့ test strip ရဲ့အလုပ်လုပ်ပုံ အပေါ်သက်ရောက်မှုရှိပါတယ်
သွေးဖောက်မယ့်အရေပြားရဲ့အခြေအနေ – သွေးဖောက်မယ့် လက်ထိပ်က ညစ်ပတ်နေမယ်ဆိုရင်လည်း မှန်ကန်တဲ့ အဖြေမရနိုင်ပါဘူး
စက်နဲ့တွဲဖက်သုံးစွဲရမယ့် test strip လွဲနေခြင်း – ဆီးချိုတိုင်းတာစက်တိုင်းမှာ သူနဲ့တွဲဖက်သုံးစွဲရမယ့် test strip ကို ကုတ်စနစ်နဲ့တွဲပြီးထုတ်လုပ်ထားတာပါ။ စက်နဲ့မကိုက်ညီတဲ့ test strip ကိုသုံးမိရင် ရလာတဲ့အဖြေလည်းမမှန်နိုင်ပါဘူး။
သွေးဖောက်တဲ့နေရာကွဲပြားခြင်း – လက်ထိပ်မှာဖောက်လို့ရတဲ့အဖြေနဲ့ တခြားနေရာမှာဖောက်လို့ရတဲ့အဖြေ မတူနိုင်ပါဘူး။ အသုံးအများဆုံးဖြစ်တဲ့ လက်ထိပ်ကိုပဲဖောက်စစ်သင့်ပါတယ်။
သွေးနီဥနည်းနေခြင်း – သွေးထဲမှာ သွေးနီဥပမာဏကျနေရင်ဖြစ်ဖြစ်၊ ရေဓာတ်နည်းနေရင်ဖြစ်ဖြစ် ရလာတဲ့ သွေးအဖြေမှားယွင်းနိုင်ပါတယ်
အိမ်သုံးဆီးချိုတိုင်းတာစက်မှန် မမှန်ဘယ်လိုသိနိုင်မလဲ
အိမ်သုံးဆီးချိုတိုင်းတာစက်အတော်များများက ဝယ်ကတည်းကဘူးထဲမှာ control solution နဲ့ control test strip ပါဝင်တတ်ပါတယ်။ Control solution အရည်နဲ့ control test strip ကိုသုံးပြီးကိုယ့်စက်ကောင်းကောင်း အလုပ်လုပ်သလားစမ်းသပ်လို့ရပါတယ်။
ဆီးချိုတိုင်းစက်ကရတဲ့အဖြေကို အခြေခံပြီး ဆီးချိုရောဂါရှိ မရှိ သိနိုင်လား။
ဆီချိုတိုင်းစက်က အဖြေက အချိန်တစ်ခုအတွင်း ဆီချိုအတက်အကျသိရဖို့အတွက်သာ အသုံးပြုသင့်ပါတယ်။ ဆီးချိုရောဂါရှိ မရှိ သိရဖို့အတွက် အင်ကြင်းဖြူ အဆင့်မြင့်ရောဂါရှာဖွေရေး ဓာတ်ခွဲခန်းမှာ လာရောက် သွေးဖောက်စစ်ဆေးနိုင်ပါတယ်။
Accuracy, Timeliness, Expertise
အဆင့ျမွင့ျ ရောဂါရှာဖှရေေး ဓါတျခှဲခနျး
အမှတျ (၅၁/I)၊ လမျး ၃၀၊ ၇၇x၇၈ လမျးကွား၊
ခမြျးအေးသာဇံမွို့နယျ၊ မန်တလေးမွို့။
Hot Line: 09450855777
02-4023714



Comments