သင့် အသည်းကို ကြင်နာပါ
- Myothaw tun

- Dec 17, 2019
- 1 min read
အသည်းသည် ကျောရိုးရှိသတ္တဝါများနှင့် အခြား တိရစ္ဆာန်များ၏အစာခြေစနစ်တွင် အရေးပါသည့် အင်္ဂါ အစိတ်အပိုင်းတစ်ခုဖြစ်သည်။ အဆိပ်ဖြေခြင်း၊ ပရိုတိန်းဖွဲ့စည်းခြင်း၊ အစာခြေရာတွင်လိုအပ်သည့် ဓာတ်ပစ္စည်းများ ထုတ်လုပ်ခြင်းစသည်ဖြင့်လုပ်ဆောင်နိုင်စွမ်း ရှိသည်။
အသည်းကျန်းမာရေးအတွက် အောက်ပါအချက်များကို သိထားရပါမည်။
(၁)ကိုလက်စထရော များခြင်း အသား၊ အဆီ၊အချိုများတဲ့ အစားအစာတွေ၊ ကြက်ဥအနှစ်၊ဆားများတဲ့ အစားအစာများကို ရှောင်ကြဉ်ပြီး အသီးအရွက်နဲ့ နှံ ပြောင်းတို့ကို စားသုံးသင့်ပါတယ်။
(၂)ညအိပ်ချိန်နှင့် ထချိန်နောက်ကျခြင်း အသည်းဟာညအိပ်ချိန်မှာအဆိပ်အတောက်တွေကို ခြေဖျက်တဲ့ အလုပ်ကို လုပ်ပေးပါတယ်။ ညဘက် ၁၂မှ၂ နာရီအတွင်းအသည်းအဆိပ်ထုတ် လုပ်ငန်းစတင်ပါတယ်။နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်မှသာ လုပ်ဆောင်နိုင်မှာ ဖြစ်တဲ့အတွက် အိပ်ရေးဝဝအိပ်ဖို့ အရေးကြီးပါတယ်။
(၃) နံနက်အိပ်ယာနိုးချိန်ဆီးမသွားခြင်း ဆီးအောင့်ထားခြင်းဟာအသည်းကိုရောကျောက်ကပ်ကိုပါဒုက္ခရောက်စေနိုင်ပါတယ်။
(၄)မနက်စာမစားခြင်း မနက်ခင်းမှာနေ့သစ်တစ်နေ့ကိုစတင်ဖို့အတွက် ခန္ဓာကိုယ်၊အသည်းနှင့်ဦးနှောက်တွေက အစာအာဟာရကို လိုအပ်ပါတယ်။
(၅)ကျန်းမာရေးနှင့်မညီညွတ်တဲ့အစားစာများ အလွယ်တကူစားသုံးနိုင်တဲ့အသင့်စားအစားစာ များကြောင့် ကြာလာတဲ့အခါကယ်လိုရီ၊အချို၊ အငန်နှင့်အဆီတွေကသွေးတိုးနှင့်သွေးတွင်းအဆီဓာတ်ကို များစေပြီးအသည်းအဆီဖုံးစေနိုင်ပါသည်။ အရက်သောက်ခြင်းကြောင့်လည်းအသည်းဆဲလ်တွေပျက်စီးခြင်း၊အသည်းအဆီဖုံးခြင်း၊အသည်းရောင်ခြင်းနှင့်အသည်းခြောက်ခြင်းတို့ဖြစ်စေနိုင်ပါသည်။
သင့်အသည်းကျန်းမာရေးအတွက်
🏥အင်ကြင်းဖြူအထူးကုဆေးခန်းတွင် အသည်းရောဂါအထူးကုသမားတော်ကြီးနှင့် တနင်္လာနေ့မှစနေနေ့ထိ နေ့စဉ် နေ့လည်၁နာရီတွင် လာရောက်ဆွေးနွေးကုသနိုင်ပါကြောင်း သတင်းကောင်းပါးအပ်ပါသည်။
Credit Dr.Mya Phoo Ngon
🌸🌸🌸🌸🌸🌸🌸🌸🌸🌸🌸🌸🌸🌸 အင်ကြင်းဖြူ အထူးကုဆေးခန်း အမှတ် (၂၂)၊ လမ်း (၃၀)၊ ၆၃x၆၄လမ်းကြား၊ အောင်တော်မူရပ်၊ ချမ်းအေးသာဇံမြို့နယ်၊ မန္တလေးမြို့။ 09-450866777
အင်ကြင်းဖြူ ဓါတ်ခွဲခန်း
အမှတ် (၅၁/I)၊ လမ်း ၃၀၊ ၇၇x၇၈ လမ်းကြား၊ ချမ်းအေးသာဇံမြို့နယ်၊ မန္တလေးမြို့။
09-450855777



Comments