top of page

လေးဘက်နာရောဂါ လဏ္ခာများ

လေးဘက်နာရောဂါဟာ အသက်အန္တရာယ်ကို တိုက်ရိုက်ခြိမ်းခြောက်တဲ့ ရောဂါတွေထဲမှာ ပါဝင်ပါတယ်။


လေးဘက်နာ ရောဂါတွေထဲမှ မြန်မာနိုင်ငံတွင် အဖြစ်များသော အမျိုးစား ( ၃ ) ခု ရှိပါတယ်


Rheumatic Fever လို့ခေါ်တဲ့ ပိုးလေးဘက်နာ ( သို့ ) နှလုံးလေးဘက်နာ Rheumatoid Arthritis လို့ခေါ်တဲ့ သွေးလေးဘက်နာ SLE ခေါ် အရေပြားလေးဘက်နာ တို့ဖြစ်ပါတယ်

ပိုးလေးဘက်နာ ( သို့ ) နှလုံးလေးဘက်နာ

ဒီရောဂါဖြစ်ပြီဆိုရင် ( ၁ ) လက်ဆစ်တွေနာလားမယ် ( ၂ ) လေးဘက်နာ ပိုးက နှလုံးကိုယောင်စေပါတယ်။ ဒါကြောင့် ရင်ဘက်အောင့်ခြင်းကိုခံစားရနိုင်ပါတယ်။

(၃) အရေပြားမှာ အနီကွက်ထခြင်း ၊ အဖုကျိတ်ထွက်ခြင်းများ ဖြစ်ပေါ်စေပါတယ်။


ဒီရောဂါ လက္ခဏာတွေကို အခြားသောရောဂါတွေမှာ တွေ့နိုင်တဲ့အတွက် ဆရာဝန်နဲ့ ပြသပြီး စစ်ဆေးမှုခံယူသင့်ပါတယ်။

သွေးလေးဘက်နာ

အဆစ်နာခြင်း ၊ အဆစ်ကြားမှာရှိတဲ့ အရည်အိတ်ယောင်ရမ်းခြင်း တွေ ဖြစ်တတ်ပါတယ်။ ဖြစ်နေလျက်နဲ့ မကုဘဲ ထားမယ်ဆိုရင် မျက်လုံး ၊ နှလုံး၊အဆုတ်၊ကျောက်ကပ်၊အာရုံကြော၊ အစာအိမ် နှင့် အူလမ်းကြောင်း ပါ တို့ကို ပါ ထိခိုက် ပျက်စီးနိုင်ပါတယ်။


သွေးလေးဘက်နာဖြစ်တဲ့ သူရဲ့ ဓာတ်မှန်မှာ အရိုးစွန်းတွေ တိုက်စားခံရသလို ဖြစ်ပေါ်နေတတ်ပါတယ်။

အရေပြားလေးဘက်နာ SLE

အရေပြားလေးဘက်နာဟာ အမျိုးသမီးတွေမှာ အဖြစ်များပါတယ်။ အဆစ်နာခြင်း၊ အရေပြားမှာ အနီကွက်ထွက်ခြင်း၊ မျက်နှာ အရေပြားမှာ လိပ်ပြာပုံစံ အနီကွက်ထွက်ခြင်း၊ နေရောင်ထိပါက ပိုမိုများလာခြင်း၊ ပါးစပ်မှာ အနားပေါက်ခြင်းတို့ အပြင် အဆုတ်ယောင် ၊ နှလုံးအမှေးပါယောင်ခြင်းတို့ကြောင့် ရင်ဘက်အောင့်ခြင်းများ ဖြစ်ပါစေနိုင်ပါတယ်။

လေးဘက်နာရောဂါများနှင့် ပတ်သတ်ပြီး လိုအပ်သော စစ်ဆေးမှုများကို အင်ကြင်းဖြူအဆင့်မြှင့်ရောဂါရှာဖွေရေး ဓာတ်ခွဲတွင်း စစ်ဆေးနိုင်ပါပြီ။


Accuracy, Timeliness, Expertise အဆင့်မြင့် ရောဂါရှာဖွေရေး ဓါတ်ခွဲခန်း အမှတ် (၅၁/I)၊ လမ်း ၃၀၊ ၇၇x၇၈ လမ်းကြား၊ ချမ်းအေးသာဇံမြို့နယ်၊ မန္တလေးမြို့။ Hot Line: 09450855777 02-4023714

13 views0 comments
bottom of page