top of page

🥰 နှလုံးတီဗီဓာတ်မှန်ရိုက်ကူးခြင်း (Echocardiogram)



နှလုံးရောဂါ လက္ခဏာများ ဖြစ်သော ရင်ဘတ်အောင့်ခြင်း၊ ရင်တုန်ခြင်း၊ ခြေလက်များဖောခြင်း၊ ရောင်ရမ်းခြင်း တို့ခံစားနေရသော မိဘပြည်သူများ အနေဖြင့် နှလုံး စစ်ဆေးခြင်း၊သွေးတိုးရောဂါ အခံရှိသူများ၊ ဆီးချို သွေးချို ရောဂါ အခံရှိသူများအနေဖြင့် လည်း နှလုံး အား ထိခိုက်စေသော ကြောင့် နှလုံး စစ်ဆေးသင့်ပါသည်။

ree


🥰 Echocardiogramရိုက်ခြင်း အကျိုးကျေးဇူးများ


၁။Echocardiogram သည် နှလုံး တစ်ခုလုံးနှင့် ၎င်းအတွင်းမှလုပ်ဆောင်ချက်များအားလုံးကို ပုံရိပ်ဖြင့် ဖန်တီးပေးသည်။ထို့ကြောင့် မွေးရာပါ နှလုံး ရောဂါ ရှိမရှိ၊ နှလုံး ကြီးမကြီး၊ နှလုံး အဆို့ရှင် လုံမလုံ၊ သွေးစီးဆင်းမှု မှန်မမှန် တို့အား သိရှိနိုင်ပါသည်။


၂။Echocardiogram သည်နှလုံးအတွင်း၌ သွေးစီးဆင်းနေမှုအားပြသပေးသည်။နှလုံး၏ အဆို့ရှင် မလုံပါက သွေးများ ယိုထွက်၊ ဖြာထွက်နေသည် ကို ပါ တိကျစွာ မြင်နိုင်ပါသည်။


၃။Echocardiogram သည် မိမိနှလုံး၏ ညှစ်အား၊နှလုံးအတွင်းမှ သွေးပမာဏစသည်တို့လုံလောက်မှုရှိ/မရှိ တိကျစွာ တွက်ပေးနိုင်သည်။ခြေကုန်လက်ပမ်းကျ ခြင်း (Heart Failure) ဝင်နေမနေသိရှိနိုင်သည့် အပြင် မိမိသောက်နေသော နှလုံးဆေး ထိရောက်မှု ရှိမရှိအား လည်း သိနိုင်ပါသည်။


၄။နှလုံး၏ အခန်းများအတွင်း နှလုံးနံရံမှသွေးကြောမျှင်များအတွင်းသို့တိုင် ရှင်းလင်းစွာ ဝင်ရောက်ကြည့်ရှုနိုင်သည့်အတွက်သွေးခဲများပိတ်ဆို့နေခြင်းရှိ/မရှိ၊ အဆို့ရှင်တွင် အနာရှိ/မရှိ တို့အား တိကျစွာ သိရှိနိုင်ပါသည်။


၅။နှလုံးသွေးကြောကျဉ်းနေရာမှ ပိတ်ဆို့သွားနိုင်ပြီး နှလုံးကြွက်သားများ ပုပ်၍ ပျက်စီးခြင်းသို့တိုင် ဖြစ်စေနိုင်သည်။ထိုသို့ ပိတ်ဆို့ ပျက်စီးခြင်းဖြစ်စေရန် နှလုံးသွေးကြော ကျဉ်းခြင်းအားစောစီးစွာ သိရှိ၍ ကုသလိုအပ်သည်။Echo သည် နှလုံးသွေးကြောကျဉ်းနေခြင်းကိုလဲ ဖော်ပြပေးနိုင်သည်။


၆။ခွဲစိတ်မှုမပြုမီ လူနာ၏နှလုံးသည်ခွဲစိတ်မှုဒဏ်အား ခံနိုင်ရည်ရှိမရှိ (pre-operative assessment) Echo အဖြေကြည့်၍ ဆုံးဖြတ်နိုင်သည်။


🥰 နှလုံးနှင့်ပတ်သက်သောရောဂါများကိုစောစီးစွာ ရှာဖွေ၍ ကုသခြင်းဖြင့် နှလုံးပျက်စီးခြင်းအား ဆက်လက်မပျက်စီးစေရန် တားဆီးနိုင်သည်။


ထို့ကြောင့် မည်သည့် နှလုံးရောဂါ အတွက်မဆို နှလုံးတယ်လီဗေးရှင်း Echocardiogram ရိုက်ကူးပြီး နှလုံး အထူးကု ဆရာဝန်နှင့် စမ်းသပ်မည်ဆိုလျှင် အမှန်တကယ် နှလုံး ရောဂါ တစ်ခုခု ရှိပါက ကြိုတင်သိရှိနိုင်မည်ဖြစ်ပြီး စောလျှင်စွာ ကုသမှု ခံယူပါက အချိန်မတိုင်မီ နှလုံး တစ်ခုခု ထိခိုက်ပျက်စီး ခြင်းမှ ကြိုတင်ကာကွယ်နိုင်မည်ဖြစ်ပါသည်။


Echocardiogram ရိုက်ကူးရန် အသေးစိတ်စုံစမ်းလိုပါက 09450866777 ကိုဆက်သွယ်မေးမြန်းနိုင်ပါသည်။


Passion to Care

🥰 အထူးကုဆေးခန်း

အမှတ် (၂၂)၊ လမ်း (၃၀)၊ ၆၃x၆၄လမ်းကြား၊

အောင်တော်မူရပ်၊ ချမ်းအေးသာဇံမြို့နယ်၊ မန္တလေးမြို့။

Hot Line: 09450866777

02-4072289


Comments


Mandalay

No. 51/I, Between 77th and 78th Streets, Chanayetharzan Township, Mandalay.

09-450855777, 09-796603020

Kyaukse

No.16 , Beside YGN-MDY Road,Pyi Lone Naing Quarter,Kyaukse

09-770707047 , 09-954400034

Lashio

Near Mandalay Street Point,Quard4), Lashio

09-400499941 , 09-400499942

Yangon

No.470,Thitsar Street Quarter(3),

South Okkallapa , Yangon.

09-765452996 ,09-765452997 ,

09-765453364,09-765453365

Laboratory Addresses

Mandalay

(collection -I)

No.65(B),58st,bet 113&113(A)st, Pyigyitagon Township, Mandalay.

09796603175 , 09941995745

CLINIC Addresses

30th street , Between 63×64 Streets , Mandalay

09 450866777

  • viber-icon-logo-4E5ED1327A-seeklogo.com
  • LinkedIn
  • Telegram-Logo_edited
  • IGP_Facebook
bottom of page