top of page

ဓာတ်မှန်(X Ray)ဆိုတာ....

ဓာတ်မှန်ဆိုသည်မှာ Electromagnetic Wave ရောင်ခြည်လှိုင်း ကိုအသုံးပြု၍ ခန္ဓာကိုယ်အတွင်းရှိအင်္ဂါအစိတ်အပိုင်းများ၏ပုံရိပ်ကိုပုံဖော်ပေးသည့်အခြေခံကျသည့်နည်းပညာတစ်ခုဖြစ်ပါသည်။ ရောင်ခြည်လှိုင်းထိတွေ့သည့်နေရာတွေမှာရှိတဲ့ကိုယ်တွင်းအင်္ဂါများကိုဖလင်ပြားပေါ်တွင် အဖြူအမည်းအဖြစ် ပုံရိပ်ပေါ်စေတာဖြစ်ပါတယ်။ ဓာတ်မှန်ရိုက်ခြင်းဖြင့်ခန္ဓာကိုယ်အတွင်းပိုင်းအားခွဲစိတ်ခြင်းမပြုဘဲကြည့်ရှုနိုင်ပါသည်။


👍👍👍ဓာတ်မှန်၏အသုံးဝင်ပုံများ👍👍👍

👍🏻 နာကျင်မှု သို့ မသက်မသာခံစားနေရသော ခန္ဓာကိုယ်အစိတ်အပိုင်းအား လေ့လာမှုပြုရန် 👍🏻 ရောဂါများ၏တိုးတက်မှု သို့ ဆုတ်ယုတ်မှုကိုစောင့်ကြည့်ရန် 👍🏻 ဆေးဝါးကုသမှု၏ အကျိုးဖြစ်ထွန်းမှု ရှိမရှိ စစ်ဆေးရန်အတွက် ဓာတ်မှန်ရိုက်ကြပါသည်။ 👍🏻 အရိုးကင်ဆာ၊ အရိုးကျိုးခြင်း၊အရိုးပွခြင်း၊ ရင်သားအကျိတ်၊သွေးကြောပိတ်ခြင်း၊ အဆစ်အမြစ်ရောင်ခြင်း၊ နှလုံးနှင့်ဆိုင်သောရောဂါများ၊ အဆုတ်နှင့်ဆိုင်သောရောဂါများ၊ ကျောက်ကပ်နှင်ဆိုင်သောရောဂါများ၊ အစာခြေခြင်းဆိုင်ရာ ပြဿနာများ၊ သွားနှင့်ပတ်သက်သောပြဿနာများအားဖော်ထုတ်ရန် ဓာတ်မှန်ကို အသုံးပြုကြပါသည်။

✔️ ဓာတ်မှန်ရိုက်ရန်ပြင်ဆင်ရမည့်အချက်များ ✔️

✔️ ပုံမှန်ဓာတ်မှန်ရိုက်ရာတွင် အထူးပြင်ဆင်ရန်အဆင့်များမရှိသော်လည်း လူနာအနေဖြင့် ဆေးရုံမှပေးသော ဝတ်စုံကိုပြောင်းလဲဝတ်ဆင်ရပါမည်။ ✔️ ထို့ပြင်ဓာတ်မှန်မရိုက်မီ ခန္ဓာကိုယ်တွင်ဝတ်ဆင်ထားသော နာရီနှင့် လက်ဝတ်ရတနာများကို ခေတ္တချွတ်ထားရပါမည်။ ✔️ ခန္ဓာကိုယ်အတွင်း အစားထိုးတပ်ဆင်ထားသည့်ကိရိယာများ (ဥပမာ၊ နှလုံးအစားထိုးခုန်စက်၊ နှလုံးအဆို့ရှင်အစားထိုးကုသခြင်း)ရှိပါက ဓာတ်မှန်ရိုက်ပေးမည့်ပညာရှင်ကိုကြိုပြောပြထားသင့်ပါသည်။ ✔️ အချို့အခြေအနေများတွင် iodine သို့ barium compound ပါဝင်သည့်ဆေးတမျိုးကိုဓာတ်မှန်မရိုက်မီ ကြိုတင်သောက်သုံးရပါမည်။

ဓာတ်မှန်ရိုက်ရာတွင်

⭐️ လူနာအနေဖြင့် ဓာတ်မှန်ရိုက်ပေးသည့်ပညာရှင် ညွှန်ကြားသည့်အတိုင်း ခန္ဓာကိုယ်အနေအထားကိုပြောင်းလဲပေးရပါမည်။ ဥပမာ ၊ ထိုင်ခြင်း၊ လှဲခြင်း၊ မတ်မတ်ရပ်ခြင်း၊ အသက်အောင့်ခြင်း ဓာတ်မှန်ပညာရှင်မှ စိတ်ကြိုက်ရိုက်ကူးပြီးလျှင် ဓာတ်မှန်ရိုက်ခြင်းပြီးဆုံးပါမည်။ ⭐️ ဓာတ်မှန်ရိုက်ပြီးလျှင် ပုံမှန်အဝတ်အစားနှင့် လက်ဝတ်ရတနာ၊ နာရီအား ပြန်လည်ဝတ်ဆင်နိုင်ပြီး ပုံမှန်လုပ်ငန်းဆောင်တာများအား လုပ်ဆောင်နိုင်ပါသည်။

❌❌ကိုယ်ဝန်ဆောင်မိခင်များဓာတ်မှန်ရိုက်ရန်မသင့်တော်ပါ။❌❌

အင်ကြင်းဖြူ ဆေးရုံတွင် အသစ်ထပ်မံတပ်ဆင်လိုက်သော Digital X Ray စက်သစ်ကြီးဖြင့် ကြည်လင်ပြတ်သားပြီး မြန်ဆန်တိကျသော ရောဂါရှာဖွေမှုများကို စျေးနှုန်းသက်သာစွာဖြင့် ကျန်းမာရေးစောင့်ရှောက်မှုပေးလျက်ရှိပါသည်။💯💯💯


🌸🌸🌸🌸🌸🌸🌸🌸🌸🌸🌸🌸🌸


အင်ကြင်းဖြူ အထူးကုဆေးခန်း အမှတ် (၂၂)၊ လမ်း (၃၀)၊ ၆၃x၆၄လမ်းကြား၊ အောင်တော်မူရပ်၊ ချမ်းအေးသာဇံမြို့နယ်၊ မန္တလေးမြို့။ 09-450866777


အင်ကြင်းဖြူ ဓါတ်ခွဲခန်း

အမှတ် (၅၁/I)၊ လမ်း ၃၀၊ ၇၇x၇၈ လမ်းကြား၊ ချမ်းအေးသာဇံမြို့နယ်၊ မန္တလေးမြို့။

09-450855777


1 view0 comments
bottom of page