top of page

ထိခိုက်ဒဏ်ရာများ အရေးပေါ်ကုသနည်း


ree

ပွန်းပဲ့ဒဏ်ရာ

ပွန်းပဲ့ဒဏ်ရာဆိုတာ အရေပြားမှာ မာကျောတဲ့မျက်နှာပြင်တစ်ခုခုနဲ့ ပွတ်တိုက်မိလို့ပွန်းပဲ့တာ၊ခြစ်ရာအစင်းရာတွေဖြစ်တာပါ။ ဥပမာချော်လဲလို့ဖြစ်တဲ့ပွန်းပဲ့နာ၊ စက်ဘီးမှောက်တာ စတဲ့လမ်းပေါ်မှာဖြစ်တဲ့အသေးစားအနာတရတွေပါဝင်ပါတယ်။သွေးစို့ရုံလောက်သာထွက်တတ်တဲ့ဒဏ်ရာလေးတွေဖြစ်ပေမယ့် ပိုးမဝင်အောင်သေချာသန့်စင်ကုသသင့်ပါတယ်။


အရေပြားပေါက်ပြဲခြင်း

အရေပြားပေါ်မှာ ဒဏ်ရာနက်တဲ့ပြတ်ရှရာ သို့မဟုတ် စုတ်ပြဲဒဏ်ရာဖြစ်တာပါ။ ဓါး၊ ကိရိယာတန်ဆာပလာတွေ၊ စက်ပစ္စည်းတွေနဲ့ မတော်တဆထိခိုက်မိတဲ့ ဒဏ်ရာမျိုးတွေဖြစ်ပါတယ်။ ပေါက်ပြဲတဲ့ ဒဏ်ရာနက်ရင်တော့သွေးထွက်မြန်ပြီးသွေးထွက်များနိုင်ပါတယ်။


အနာပေါက်ဖြစ်စေတဲ့ထိခိုက်ဒဏ်ရာ

ဒီအမျိုးအစားက သံ၊အပ် တို့လို ချွန်ထက်တဲ့အရာတွေနဲ့ စူးမိ၊ထိုးမိတဲ့အခါဖြစ်လာတဲ့ဒဏ်ရာမျိုးပါ။ တခါတရံ ကျည်ဆန်မှန်ခြင်းကလည်း ဒီအမျိုးအစားဖြစ်နိုင်ပါတယ်။ ဒီဒဏ်ရာတွေကသွေးအများကြီးမထွက်နိုင်ပေမယ့် ကိုယ်တွင်းအင်္ဂါတွေကို ထိခိုက်စေနိုင်လောက်အောင် ဒဏ်ရာနက်နိုင်ပါတယ်။ ဒီအမျိုးအစားဆိုရင် ဒဏ်ရာကသေးတယ်ဆိုရင်တောင်မှ ရောဂါပိုးမဝင်စေဖို့ ဆရာဝန်ပြပြီး မေးခိုင်ကာကွယ်ဆေးထိုးသင့်ရင်ထိုးရပါမယ်။


ပြင်းထန်တဲ့ထိခိုက်ဒဏ်ရာ

ဒီအမျိုးအစားက အရေပြားတင်မကဘဲ တစ်ရှူးတွေပါစုတ်ပြဲပြီး အရိုးပေါ်တဲ့အထိ ထိခိုက်ရတဲ့ဒဏ်ရာတွေဖြစ်ပါတယ်။ ကားတိုက်ခံရတာ၊ပေါက်ကွဲမှုနဲ့သေနတ်ပစ်ခံရတာတွေလိုပြင်းထန်တဲ့ထိခိုက်မှုတွေကြောင့် ခံစားရလေ့ရှိပါတယ်။သွေးထွက်များပြီးသွေးလွန်တတ်ပါတယ်။

ထိခိုက်ဒဏ်ရာကို ကိုယ့်ဘာသာ ဘယ်လိုဂရုစိုက်ကုသမလဲ တော်တန်ရုံထိခိုက်ဒဏ်ရာတွေကိုတော့ဆေးခန်းပြစရာမလိုဘဲ ကိုယ့်ဘာသာ ကုသလိုက်လို့ရပါတယ်။ စနစ်တကျစီမံတတ်ရင် အနာကျက်မြန်စေပြီးရောဂါပိုးလည်းမဝင်နိုင်ပါဘူး။သေချာဂရုမစိုက်ရင်တော့နောက်ဆက်တွဲက ပိုဆိုးဖို့သာရှိပါတယ်။ အရင်ဆုံး –

အနာကိုသွေးတိတ်အောင် အသာဖိထားပေးရပါမယ်။ လက်ကိုသေချာဆေးပြီးမှ သန့်ရှင်းတဲ့ပတ်တီး သို့မဟုတ် အဝတ်စတစ်ခုနဲ့ အနာကိုဖိထားရမှာပါ။ လက်ကသန့်စင်နေပါမှ အနာကိုဘက်တီးရီးယားတွေမဝင်ရောက်နိုင်မှာဖြစ်ပါတယ်။ ဖိထားပေးမှသွေးထွက်တာကိုနှေးစေနိုင်ပါတယ်။ ဒဏ်ရာက လက် သို့မဟုတ်ခြေထောက်မှာဖြစ်ခဲ့ရင် နှလုံးထက်မြင့်တဲ့နေရာအထိမြှင့်ထားပေးပါ။ အနာကို သန့်စင်ပေးပါ။ အနာကို ပိုးမဝင်အောင် ရေသန့်သန့်နဲ့ဆေးကြောပါ။ အနာတဝိုက်ကအရေပြားကို ဆပ်ပြာနဲ့ဆေးကြောပြီးခြောက်အောင်ထားပါ။ ပွတ်သုတ်တာမျိုးမဟုတ်ဘဲ အသာအယာ တို့ပြီးသုတ်ပါ။

အနာထဲမှာ ဆူးစူးတာလိုမျိုး တစ်စုံတစ်ခုစိုက်နေမယ်ဆိုရင် ကိုယ့်ဘာသာမဖယ်ပစ်ပါနဲ့။ ဆရာဝန်ပြပြီး ဖယ်ရှားမှ ထိခိုက်မှုကင်းစေမှာပါ။ ဂွမ်းနဲ့ ဒီအတိုင်းမပွတ်သုတ်လိုက်ပါနဲ့။ အနာထဲမှာ ဂွမ်းစတွေကပ်ကျန်နေပါလိမ့်မယ်။ ဒါဆို ပိုးဝင်နိုင်ခြေပိုများပြီး အနာကျက်နှေးစေပါလိမ့်မယ်။

အနာပိုးသတ်ဆေးထည့်ပါ။ အနာကသွေးတိတ်ပြီး သန့်စင်ပြီးတာနဲ့ရောဂါပိုးမဝင်အောင်လို့ ဘီတာဒိုင်းလို ပိုးသတ်ဆေးထည့်ပါ။

alcohol သို့မဟုတ် hydrogen peroxide တို့လိုဆေးတွေကို မသုံးပါနဲ့။ အရေပြားတစ်ရှူးတွေကို ထိခိုက်စေပြီးအနာကျက်နှေးစေနိုင်ပါတယ်။ အနာကို ပတ်တီး သို့မဟုတ် ပလာစတာနဲ့ဖုံးအုပ်ပါ။ ဒါမှဘက်တီးရီးယားနဲ့အမှုန်အမွှားတွေ မဝင်ရောက်နိုင်မှာဖြစ်ပါတယ်။ ဘယ်နေရာမှာ အနာရှိသလဲဆိုတာကို မူတည်ပြီး ကျုံ့ဆန့်လို့ရတဲ့ပလာစတာကပ်တာကပိုထိရောက်ပါတယ်။ အနာကကြီးတယ်ဆိုရင် ဒါမှမဟုတ် အရိုးအဆစ်နေရာနားမှာဖြစ်တယ်ဆိုရင် အကွေးအဆန့်မှာ မကွာသွားစေဖို့ ပတ်တီးပဲစည်းတာကောင်းပါတယ်။ သွေးလည်ပတ်မှုကောင်းဖို့လည်း လိုတာကြောင့် သိပ်တော့ မကျပ်စည်းပါနဲ့။

ပတ်တီး သို့မဟုတ် ပလာစတာကိုနေ့တိုင်းလဲပေးပါ။ရေစိုသွားတာ၊ ညစ်ပေသွားတာဆိုရင် ချက်ချင်းလဲပစ်ပါ။ အနာပိုးဝင်သလားဆိုတာ အမြဲစောင့်ကြည့်စစ်ဆေးပါ။ အနာပိုးဝင်တဲ့လက္ခဏာပြလာပြီဆိုရင်တော့ဆေးခန်းအမြန်ပြရပါမယ်။ ပိုးဝင်တဲ့လက္ခဏာတွေကတော့ – ပိုနာကျင်လာတာ၊ ပူတဲ့ခံစားမှုဖြစ်လာတာ၊ရောင်ရမ်းလာတာ၊နီရဲလာတာ၊ပြည်တည်လာတာ၊ အဖျားရှိလာတာ တို့ပါဝင်ပါတယ်။

ဒဏ်ရာပြင်းတယ်ဆိုရင်ဆေးခန်း၊ဆေးရုံအမြန်ပြပါ။ ဒဏ်ရာအတိမ်အနက်ကိုမူတည်ပြီး ဆရာဝန်တွေရဲ့ကုသမှုက ကွဲပြားပါလိမ့်မယ်။ ပိုးမဝင်ဘူးဆိုရင် အနာကိုသန့်စင်ပြီး အနာပေါက်ပိတ်ပေးဖို့လုပ်ရပါမယ်။ ဒဏ်ရာကြီးရင် အနာပေါက်ပိတ်ဖို့ ဆရာဝန်တွေက ချုပ်ပေးမှာပါ။ ချုပ်ရိုးကို ကိုယ့်သဘောနဲ့ကိုယ်မဖြည်ပါနဲ့။ ချုပ်ရိုးမကျက်ခင် အချိန်အတွင်း ပိုးမဝင်အောင် ဂရုစိုက်ရပါမယ်။


Ref:Hellosayarwon


အောက်ပါလင့်မှ တဆင့် IngyinPhyu Laboratory Twitter Account ကို Follow နိုင်ပါသည်။ https://twitter.com/IngyinphyuL


Accuracy, Timeliness, Expertise အဆင့်မြင့် ရောဂါရှာဖွေရေး ဓါတ်ခွဲခန်း အမှတ် (၅၁/I)၊ လမ်း ၃၀၊ ၇၇x၇၈ လမ်းကြား၊ ချမ်းအေးသာဇံမြို့နယ်၊ မန္တလေးမြို့။ Hot Line: 09450855777 02-4023714

Comments


Mandalay

No. 51/I, Between 77th and 78th Streets, Chanayetharzan Township, Mandalay.

09-450855777, 09-796603020

Kyaukse

No.16 , Beside YGN-MDY Road,Pyi Lone Naing Quarter,Kyaukse

09-770707047 , 09-954400034

Lashio

Near Mandalay Street Point,Quard4), Lashio

09-400499941 , 09-400499942

Yangon

No.470,Thitsar Street Quarter(3),

South Okkallapa , Yangon.

09-765452996 ,09-765452997 ,

09-765453364,09-765453365

Laboratory Addresses

Mandalay

(collection -I)

No.65(B),58st,bet 113&113(A)st, Pyigyitagon Township, Mandalay.

09796603175 , 09941995745

CLINIC Addresses

30th street , Between 63×64 Streets , Mandalay

09 450866777

  • viber-icon-logo-4E5ED1327A-seeklogo.com
  • LinkedIn
  • Telegram-Logo_edited
  • IGP_Facebook
bottom of page