top of page

စိတ်ငြိမ်အောင်ထားပါ

လူတိုင်းမှာ အကြောင်းအမျိုးမျိုးကြောင့် စိတ်ပူပန်စရာတွေရှိနေတတ်ကြပါတယ်။ စိတ်ပူပန်နေရင် ဖိစီးမှုရှိနေရင် အောက်ပါအတိုင်း ဖြေရှင်းကြည့်ပါ။


ree

– အနားပေးပါ။ ယောဂကျင့်ခြင်း၊ သီချင်း နားထောင်ခြင်း၊ တရားထိုင်ခြင်း၊ အနှိပ်ခံခြင်း၊ အာရုံကြောဖြေလျှော့သော နည်းစနစ်များကို လေ့လာခြင်း စတာတွေကို ပြုလုပ်ပါ။ ပြသနာများဆီကနေ ရှောင်ခွာနေခြင်းဟာလည်း သင့်စိတ်ကို ရှင်ရှင်းလင်းလင်း ဖြစ်လာစေပါတယ်။

– မျှတသော အစားအသောက်များ စားပါ။ အစာ မစားမိဘဲ လွတ်သွားတာမျိုး မဖြစ်ပါစေနဲ့။ ကျန်းမာရေးနဲ့ညီညွတ်ပြီး စွမ်းအင်ဖြစ်စေတဲ့ အားဖြည့်စာများကို လက်ဝယ်ဆောင်ထားပါ။

– အရက်နဲ့ကော်ဖီလျှော့ပါ။ သူတို့ဟာ စိတ်ပူပန်မှုကို ပိုဆိုးစေနိုင်ပါတယ်။

– အိပ်ရေး၀၀အိပ်ပါ။ စိတ်ဖိစီးမှုဖြစ်နေချိန်မှာ အိပ်ရေးဝပြီး အနားကောင်းကောင်းရဖို့ လိုပါတယ်။

– နေ့စဉ်လေ့ကျင့်ခန်းလုပ်ပါ။ သင့်ကျန်းမာရေးကို ပိုမိုကောင်းမွန်စေမှာ ဖြစ်ပါတယ်။

– အသက်၀၀ရှူပါ။ ဖြည်းညင်းစွာရှူပြီး ဖြည်းညင်းစွာ ပြန်ထုတ်ပါ။

– ၁မှတဆယ်ထိ ဖြည်းညင်းစွာရေပါ။ ထပ်ခါထပ်ခါလုပ်ပါ။ လိုအပ်ရင် ၂၀ထိ တိုးရေပါ။

– အကောင်းဆုံးဖြစ်အောင်လုပ်ပါ။ အားလုံးအပြည့်အ၀ မလုပ်နိုင်ရင်တောင် အနီးစပ်ဆုံး လုပ်ဆောင်နိုင်မှုတွေအတွက် ဂုဏ်ယူပါ။

– အရာအားလုံးကို မထိန်းချုပ်နိုင်ဘူးဆိုတာ လက်ခံပါ။ သင်တွေးထားသလောက် ဆိုးရွားရဲ့လားလို့ ဆင်ခြင်ပါ။

– ဟာသအမြင်ထားပါ။ ရယ်မောခြင်းဟာ အသက်ရှည်စေပါတယ်။

– အပြုသဘောမြင်ပါ။ အဖျက်သဘောအမြင်တွေ နေရာမှာ အစားထိုးပါ။

– ပါဝင်လှုပ်ရှားပါ။ လူမှုရေးကိစ္စတွေမှာ တက်ကြွစွာ လှုပ်ရှားခြင်းဟာ စိတ်ဖိစီးမှုတွေကနေ ခဏတာ သက်သာစေပါတယ်။

– ဘယ်အရာတွေက စိတ်ပူပန်စေသလဲ ဆန်းစစ်ပါ။ လုပ်ငန်းခွင်၊ မိသားစု၊ ကျောင်း ဒါမှမဟုတ် ဘယ်အရာက သင့်ကို ပူပန်စိတ်ဖြစ်စေသလဲ သိအောင်လုပ်ပါ။ ဖိစီးမှုတွေကို ရေးသားဖော်ပြပါ။

– တယောက်ယောက်ကိုပြောပါ။ သင့်ကို လွှမ်းမိုးနေတဲ့ ခံစားချက်တွေကို မိတ်ဆွေနဲ့ မိသားစုဝင်တွေဆီမှာ ရင်ဖွင့်ပါ။ ဆရာဝန်များ၊ ကုသသူများထံမှာ အကူအညီယူပါ။

– အွန်လိုင်းအကူအညီယူပါ။ အွန်လိုင်းပေါ်မှ တတ်ကျွမ်းနားလည်သူများဟာ သင်ဘယ်လိုဖြေရှင်းရမယ်ဆိုတာ ပြောပြပါလိမ့်မယ်။


Ref: Hellosayarwon


Accuracy, Timeliness, Expertise အဆင့်မြင့် ရောဂါရှာဖွေရေး ဓါတ်ခွဲခန်း အမှတ် (၅၁/I)၊ လမ်း ၃၀၊ ၇၇x၇၈ လမ်းကြား၊ ချမ်းအေးသာဇံမြို့နယ်၊ မန္တလေးမြို့။ Hot Line: 09450855777 02-4023714

Comments


Mandalay

No. 51/I, Between 77th and 78th Streets, Chanayetharzan Township, Mandalay.

09-450855777, 09-796603020

Kyaukse

No.16 , Beside YGN-MDY Road,Pyi Lone Naing Quarter,Kyaukse

09-770707047 , 09-954400034

Lashio

Near Mandalay Street Point,Quard4), Lashio

09-400499941 , 09-400499942

Yangon

No.470,Thitsar Street Quarter(3),

South Okkallapa , Yangon.

09-765452996 ,09-765452997 ,

09-765453364,09-765453365

Laboratory Addresses

Mandalay

(collection -I)

No.65(B),58st,bet 113&113(A)st, Pyigyitagon Township, Mandalay.

09796603175 , 09941995745

CLINIC Addresses

30th street , Between 63×64 Streets , Mandalay

09 450866777

  • viber-icon-logo-4E5ED1327A-seeklogo.com
  • LinkedIn
  • Telegram-Logo_edited
  • IGP_Facebook
bottom of page