top of page

သွေးလွန်တုပ်ကွေး မဖြစ်အောင်ကာကွယ်ပါ


မိုးရာသီလည်း ရောက်တော့မယ်ဆိုတော့ မိုးရာသီမှာ အဖြစ်များတဲ့ သွေးလွန်တုပ်ကွေး ရောဂါနဲ့ ပတ်သတ်ပြီး ဂရုပြုရမယ့် အချိန်ရောက်လာပါပြီ။ လူကြီးတွေမှာလည်း ဖြစ်နိုင်သလို အဓိကအားဖြင့် ကလေးငယ်လေးတွေမှာ ဖြစ်တတ်ပြီး ကလေးလေးတွေရဲ့ အသက်အန္တရာယ်ထိခိုက်နိုင်တဲ့ အထိဖြစ်စေနိုင်ပါတယ်။

ကာကွယ်ခြင်းဟာ ကုသခြင်းထက်ကောင်းသည် ဆိုတဲ့စကားအတိုင်း ဖြစ်လာရင် အသက်အန္တရာယ်အထိ ရန်ရှာနိုင်တဲ့ ဒီသွေးလွန်တုပ်ကွေးရောဂါကို မဖြစ်အောင် ကြိုတင်ကာကွယ်ဖို့ အရေးကြီးပါတယ်။


ဘယ်လိုနည်းလမ်းတွေနဲ့ ကာကွယ်နှိမ်နင်း ကြမလဲ။


သွေးလွန်တုပ်ကွေးရောဂါဆိုတာ ရောဂါပိုးရှိတဲ့ ခြင်( အထူးသဖြင့် Aedes aegypti အမျိုးအစား) မှ တစ်ဆင့် လူကို အကိုက်ခံရပြီး ကူးစက်တာဖြစ်ပါတယ်။


ကာကွယ်ဖို့နည်းလမ်းတွေကို အပိုင်း ၂ပိုင်းခွဲပြီး မျှဝေပေးချင်ပါတယ်။


(၁) ခြင်တွေ ပေါက်နိုင်မယ့်နေရာတွေ နဲ့ ခြင်ဖြစ်လာမယ့် ပိုးလောက်လန်းတွေကို သုတ်သင်ရှင်းလင်းခြင်း။


ခြင်တွေဟာ မှောင်ပြီး စိုစွတ်တဲ့နေရာတွေ၊ ညစ်ပတ်တဲ့ နေရာတွေမှာ ပေါက်ဖွားကြတဲ့အတွက် ခြင်ပေါက်နိုင်မယ့်နေရာတွေ ဖြစ်တဲ့ အမှိုက်သရိုက်တွေ၊ ရေသိုလှောင်ထားတဲ့ ပစ္စည်းတွေ၊ ရေဝပ်နေနိုင်တဲ့ နေရာတွေ၊ ရေကန် နဲ့ ရေစီးရေလာ မကောင်းတဲ့ မြောင်းတွေ ကို မကြာခဏ ရှင်းလင်းပစ်ဖို့ လိုအပ်ပါတယ်။ ရေသိုလှောင်ရာ နေရာတွေကို သေသေချာချာ ဖုံးကာထားပြီး ခြင်တွေဥ မဥအောင်လည်း ကာကွယ်နိုင်ပါတယ်။


ပိုးလောက်လန်း ဖြစ်ပြီးသားနေရာတွေကို ဆေးခတ်တာတွေ၊ ပိုးလောက်လန်းတွေ စစ်ထုတ်တာတွေကို မိမိအိမ်အတွက် ကိုယ်တိုင်လုပ်ဆောင်ပြီး ပတ်ဝန်းကျင်တစ်ခုလုံးအတွက်လည်း ကျန်းမာရေးဦးစီးဌာန နဲ့ ပူးပေါင်းပါဝင်ဆောင်ရွက်ကြဖို့ တိုက်တွန်းချင်ပါတယ်။


(၂) ခြင်အကိုက်မခံရအောင် ဂရုစိုက်နေထိုင်ခြင်း။

ခြင်ကိုက်မခံရစေဖို့ အတွက်


၁။ ခြင်တွေကို ရှင်းလင်းခြင်း။


အိမ်ရဲ့ ပြင်ပမှာရှိတဲ့ ခြင်တွေကို ခြင်ဆေးဖြန်းပြီး ရှင်းလင်းပါ။ အိမ်ပြင်ပမှာရှိနေတဲ့ မှောင်ပြီး စိုစွတ်တဲ့ နေရာတွေ၊ ချုံပုတ်၊ အမှိုက်ပုံ၊ မြောင်း စတဲ့နေရာတွေကို ရှင်းလင်းပေးရမှာပါ။

ခြင်တွေ အိမ်ထဲဝင်မလာအောင် ခြင်လုံဇကာတပ်တာမျိုးတွေ လုပ်နိုင်ပါတယ်။ မိမိအိမ်နဲ့ အခန်းတွေကို လင်းနေအောင် လေဝင်လေထွက်ကောင်းအောင် လုပ်ပေးဖို့ကလည်း အရေးကြီးပါတယ်။

အိမ်ထဲမှာရှိနေတဲ့ ခြင်တွေကို ရှင်းလင်းပါ။ ခြင်တွေက မှောင်ပြီး စိုစွတ်တဲ့ နေရာတွေကို ကြိုက်တဲ့အတွက် ပရိဘောဂ ပစ္စည်းတွေရဲ့အောက်၊ အဝတ်ဘီဒို အတွင်းပိုင်း၊ ဘေစင်ပတ်ဝန်းကျင်၊ အမှိုက်ပုံး စတဲ့ ခြင်တွေ အောင်းနေနိုင်မယ့်နေရာတွေကို မကြာခဏ ရှင်းလင်းပေးတာမျိုး၊ ပိုးသတ်ဆေးဖြန်းတာမျိုး လုပ်နိုင်ပါတယ်။


၂။ မိမိကိုယ်ကိုနဲ့ ကလေးငယ်လေးတွေကို ကာကွယ်ခြင်း။


ခြင်တွေကို ရှင်းလင်းနေရုံနဲ့ မပြီးပါဘူး မိမိကိုယ်ကို နဲ့ အထူးသဖြင့် မိမိရဲ့ ကလေးငယ်ကို ခြင်ကိုက်မခံရအောင် အကာကွယ်ယူဖို့ကလည်း လိုအပ်ပါတယ်။


ကလေးငယ်လေးကို အင်္ကျီလက်ရှည်၊ ဘောင်းဘီရှည်ဝတ်ပေးပါ။

အိပ်တဲ့အခါ ခြင်ထောင်နဲ့ သိပ်ပါ။

ခြင်မကိုက်ဆေး အသုံးပြုပါ။ ကလေးတွေ ခြင်မကိုက်ဆေးတွေကို အသုံးပြုတဲ့ အခါမှာ ကလေးငယ်တွေအတွက် သုံးလို့ရ၊ မရ နဲ့ အသုံးပြုပုံကိုသေချာသိနိုင်ဖို့အတွက် ဆေးမှာပါတဲ့ အညွှန်းကို သေသေချာချာဖတ်ပါ။


Ingyin Phyu Telegram channel ကို အောက်ပါလင့်မှ တဆင့် Follow လိုက်ပါ : https://t.me/igphealthcare

Accuracy, Timeliness, Expertise

အဆင့်မြင့် ရောဂါရှာဖွေရေး ဓါတ်ခွဲခန်း

အမှတ် (၅၁/I)၊ လမ်း ၃၀၊ ၇၇x၇၈ လမ်းကြား၊

ချမ်းအေးသာဇံမြို့နယ်၊ မန္တလေးမြို့။

Hot Line: 09450855777

Comentarios


Mandalay

No. 51/I, Between 77th and 78th Streets, Chanayetharzan Township, Mandalay.

09-450855777, 09-796603020

Kyaukse

No.16 , Beside YGN-MDY Road,Pyi Lone Naing Quarter,Kyaukse

09-770707047 , 09-954400034

Lashio

Near Mandalay Street Point,Quard4), Lashio

09-400499941 , 09-400499942

Yangon

No.470,Thitsar Street Quarter(3),

South Okkallapa , Yangon.

09-765452996 ,09-765452997 ,

09-765453364,09-765453365

Laboratory Addresses

Mandalay

(collection -I)

No.65(B),58st,bet 113&113(A)st, Pyigyitagon Township, Mandalay.

09796603175 , 09941995745

CLINIC Addresses

30th street , Between 63×64 Streets , Mandalay

09 450866777

  • LinkedIn
  • Telegram-Logo_edited
  • IGP_Facebook
bottom of page