Covid 19 နှင့် ရာသီတုပ်ကွေး ကွဲပြားချက်
- Myothaw tun

- Sep 17, 2022
- 1 min read
COVID-19 စတင်ဝင်ရောက်လာတာ နှစ်နှစ်ကျော်လာပေမယ့် ယခုအချိန်ထိ ဖြစ်ပွားနေဆဲဖြစ်ပါတယ်။
နှာစီးချောင်းဆိုးတာကနေ မိုးမိအအေးမိတာတွေထိ ဘာဝေဒနာခံစားရ ခံစားရ COVID-19 လားလို့ တွေးတွေးပူနေရတာက အလုပ်တစ်ခုလိုပါပဲ။

ကိုဗစ်ပြဿနာက မပြီးသေးချိန်မှာ ရာသီအကူးအပြောင်းတွေမှာ ဒုက္ခပေးနေကျ နောက်ထပ်ရောဂါ တစ်ခုကလည်း အဆင်သင့်စောင့်ကြိုလို့ နေပြန်ပါတယ်။ ဒါကတော့ ရာသီတုပ်ကွေးပါပဲ။
ရာသီတုပ်ကွေး (Influenza) ရော၊ ကိုရိုနာဗိုင်းရပ် (COVID-19) ရောဟာ အသက်ရှူလမ်းကြောင်းကို တိုက်ခိုက်တဲ့ ဝေဒနာတွေဖြစ်ကြပြီး တချို့သော ပိုးကူးစက်ခံရတဲ့ လက္ခဏာတွေကလည်း ဆင်တူနေတာမို့ ယုန်ထင်ကြောင်ထင်နဲ့ သောကပွားစရာ အခြေအနေတစ်ရပ်လည်း ဖြစ်ပါတယ်။
တုပ်ကွေးဟာ ဒီနေ့မှာ ဖျားမယ်လို့တောင် အရိပ်အယောင်သိပ်မမြင်ရဘဲ အကောင်းကြီးကနေ နောက်တစ်နေ့မှာ ဘယ်လိုမှ နေသာထိုင်သာမရှိအောင် အပြင်းအထန်ဖျားနာသွားနိုင်တဲ့ အခြေအနေပါ။ အရမ်းမြန်တဲ့ ဖျားနာမှု တစ်မျိုး ဖြစ်ပါတယ်။
တုပ်ကွေးမိပြီဆိုရင်
💊 လည်ချောင်းနာမယ်
💊ခေါင်းကိုက်မယ်
💊နှာချေမယ်
💊ချောင်းဆိုးမယ်
💊ကြွက်သားတွေ နာကျင်မယ်
💊မောပန်းနွမ်းနယ်မယ်
💊ချမ်းတုန်မယ်
💊ကိုယ်ပူမယ်
💊နှာရည်ယို နှာပိတ်မယ်
💊သီတင်းပတ် (၂) ပတ်လောက်အထိ နေလို့မကောင်းဖြစ်နေမယ်
💊မအီမသာဖြစ်မယ်၊ အော့အန်မယ်
💊ကိုယ်လက်ကိုက်ခဲမယ်
ရိုးရိုးတုပ်ကွေးဝေဒနာခံစားရသူတွေမှာ အသက်ရှူမဝဖြစ်တာ၊ အသက်ရှူရခက်တာတွေ မဖြစ်တာက Covid-19 နဲ့ အဓိက မတူတဲ့အချက်ပါဘဲ။
ကိုဗစ်ရောဂါပိုး ကူးစက်ခံရပြီဆိုရင်
💊ကိုယ်အပူချိန်မြင့်မယ် (၂ ရက် ၃ ရက်လောက်အထိ ကိုယ်အပူချိန်က မကျဘဲ ဖြစ်နေမယ်)
💊ချောင်းခြောက်ဆိုးမယ်
💊အသက်ရှူရခက်မယ်
💊အသက်ရှူ မဝဖြစ်မယ်
💊လည်ချောင်းနာမယ်
💊ပင်ပန်းနွမ်းနယ်နေမယ်
💊အစားအသောက်ပျက်မယ်
💊အနံ့ အရသာခံစားမှု အာရုံပျက်မယ်
💊ခြေချောင်းတွေမှာ ယားနာတွေ ပေါက်မယ်
💊ကြွက်သားတွေ နာကျင်မယ် စတဲ့ လက္ခဏာတွေ ခံစားရနိုင်ပါတယ်။
ရာသီတုပ်ကွေးဟာ ဖြစ်ပြီး ၃ ရက်အတွင်းမှာ သူများကို စကူးစက်ပြီး ကိုဗစ်ကတော့ ရောဂါပိုးဝင်ပြီး ၅ရက် ၆ရက်လောက်နေမှ သူများကို စကူးတာပါ။
တုပ်ကွေးပဲဖြစ်ဖြစ် ကိုဗစ်ပဲဖြစ်ဖြစ် ကိုယ်ခံအားစနစ် အားနည်းနေချိန်မှာ ဝင်လာတတ်တာမို့ ခုခံအားကောင်းအောင် နေထိုင်၊ စားသောက်သင့်ပါတယ်။
အိပ်ရေးဝဝအိပ်တာ၊ အာဟာရပြည့်ဝတာတွေ စားတာ၊ ကိုယ်လက်လေ့ကျင့်ခန်းလုပ်တာ၊ လက်ကိုသေချာ သန့်ရှင်းစင်ကြယ်အောင် ဆပ်ပြာနဲ့ဆေးတာ၊ တတ်နိုင်သမျှ အပြင်မထွက်ပဲနေတာ၊ အပြင်ထွက်ရရင် Mask တပ်တာတွေက ကိုဗစ်အတွက်ရော၊ ရာသီတုပ်ကွေးကိုပါ ကာကွယ်ရာမှာ အထောက်အကူဖြစ်စေမှာပါ။
တုပ်ကွေးဝေဒနာကို တားဆီးဖို့အတွက် ကာကွယ်ဆေးတွေလည်းရှိနေပြီမို့ ဖြစ်နိုင်ရင် တုပ်ကွေးကာကွယ်ဆေးကို တစ်နှစ်တစ်ခါ ထိုးထားသင့်ပါတယ်။
အင်ကြင်းဖြူအထူးကုဆေးခန်းမှာ ကိုဗစ်ကာကွယ်ဆေး နဲ့ ရာသီတုပ်ကွေးကာကွယ်ဆေး( Vaxigrip tetra ) များကို
Booking ယူကာ ထိုးနှံနိုင်ပါပြီ
Passion to Care
အင်ကြင်းဖြူ အထူးကုဆေးခန်း
အမှတ် (၂၂)၊ လမ်း (၃၀)၊ ၆၃x၆၄လမ်းကြား၊
အောင်တော်မူရပ်၊ ချမ်းအေးသာဇံမြိုနယ်၊ မန္တလေးမြို။
Hot Line: 09450866777 , 09783772289
အင်ကြင်းဖြူမှ သတင်းအချက်လက်များနှင့် ဆေးပညာဆိုင်ရာ ဗဟုသုတများကို Telegram channel မှာ subscribe လုပ်ပြီး ဖတ်ရှုနိုင်ပါပြီ
Ingyin Phyu Telegram channel : https://t.me/igphealthcare



Comments