top of page

အသည်းခြောက်ခြင်း

Updated: Oct 17, 2022

အသည်းသည် ခန္ဓါကိုယ်တွင် အကြီးဆုံး အတွင်းပိုင်း အင်္ဂါဖြစ်ပါတယ်။ အသည်းသည် အရေးကြီးသော ခန္ဓာ ကိုယ် လုပ်ငန်းများစွာကို တာဝန်ယူပြုလုပ်ပေးပါတယ်။အသည်းပျက်စီးပြီး လုပ်ငန်းကောင်းစွာ မလုပ်နိုင်သော အခြေအနေတစ်ခုကို အသည်းခြောက်ခြင်း (Cirrhosis) လို့ ခေါ်ပါတယ်။


အသည်းခြောက်ခြင်းဟာ ရောဂါသေဆုံးနှုန်းအများဆုံး အကြောင်းရင်း နံပါတ် ၁၂ မှာ ရှိနေပါတယ်။


ရောင်ရမ်းခြင်းသည် အသည်းတစ်ရှူးများအား အမာရွတ်ဖြစ်စေပြီး အသည်းတွင်း သွေးစီးဆင်းခြင်းကို တစ်စိတ်တစ်ပိုင်းအားဖြင့် ပိတ်ဆို့စေပါတယ်။အသည်းအမာရွတ်ဖြစ်ခြင်းသည် တဖြည်း ဖြည်းနှင့် စုပုံလာပြီး အသည်းခြောက်ခြင်း ဖြစ်ပေါ်လာပါတယ်။ အသည်းခြောက်ခြင်း အစောပိုင်း အဆင့်များမှာ အသည်း ပုံမှန်လုပ်ငန်းများလုပ်ဆောင်နိုင်သော်လည်း နောက်ပိုင်းအဆင့်များတွင် အသည်းပျက်စီးပါတယ်။


အသည်းပျက်စီးမှုများမှ ကာကွယ်ရန် အသည်းခြောက်ခြင်း ကိုစောစီးစွာ ကုသရန် အရေးကြီးပါတယ်။ အသည်းခြောက် ခြင်းကို စောစီးစွာ သိရှိပါက အသည်းဆဲလ်များကို ပြန်ပြင် ပြီး အသည်းပျက်စီးခြင်းကို ပြန်လည် ကယ်ဆယ်နိုင်ပါသေးတယ်။


အသည်းခြောက်ခြင်းကြောင့်ဖြစ်သော ဆိုးကျိုးများကို ကုသရန်လည်း လိုအပ်ပါတယ်။ ဆိုးကျိုးများတွင် ဝမ်းဗိုက် အောင့်ခြင်း ယားယံခြင်း၊ အစာအိမ်တွင် အရည်များ စုခြင်း (ရေဖျဉ်းစွဲခြင်း)၊ ဝမ်းဗိုက်ရှိ portal သွေးပြန်ကြောတွင် သွေးပေါင်တက်ခြင်း၊ သွေးကြောများကျယ်ခြင်း၊ အသည်း ကင်ဆာ၊ အရိုးပွခြင်း၊ သည်းခြေကျောက်တည်ခြင်း နှင့် အဆိပ်အတောက်များ စုပြုံ၍ ဦးနှောက် လုပ်ငန်းကျဆင်း ခြင်းတို့ ဖြစ်ပါတယ်။


ဘာကြောင့် အသည်းခြောက်ရတာလဲ?


အသည်းပျက်စီးခြင်းနဲ့ အသည်းခြောက်ရောဂါကို ဖြစ်စေနိုင်တဲ့ ရောဂါအခြေအနေ အများအပြား ရှိပါတယ်။ အဖြစ်များတဲ့ အကြောင်းရင်းတွေကတော့


- အရက်ကို အလွန်အကျွံရေရှည်သောက်ခြင်း

- နာတာရှည်ဗိုင်းရပ်စ်ပိုးကြောင့် အသည်းရောင်ခြင်း (အသည်းရောင် ဘီနှင့် စီပိုး)

- အရက်ကြောင့် မဟုတ်သော အသည်းအဆီဖုံးခြင်း


အခြားဖြစ်နိုင်တဲ့ အကြောင်းရင်းတွေလဲရှိပါတယ်။


မျိုးရိုးလိုက်သော သံဓါတ်များသောရောဂါ

Cystic fibrosis (မျိုးရိုးလိုက်သော အရည်ထုတ်ဂလင်း ရောဂါတစ်ခုဖြစ်ပြီး အဆုတ်၊မုန့်ချိုအိတ်နှင့်အခြား ကိုယ်တွင်းအင်္ဂါများကို ထိခိုက်စေသည်)

ကိုယ်ခန္ဓာအတွင်း ကော့ပါး စုပြုံခြင်း (Wilson’s disease)

သည်းခြေပြွန် ကျဉ်းခြင်း

သကြားဓါတ်ချေဖျက်ခြင်းနှင့် ပတ်သက်သော မွေးရာပါ ပုံမမှန်ခြင်းများ

မွေးရာပါ အစာအိမ်လမ်းကြောင်း ဆိုင်ရာ ရောဂါများ (Alagille syndrome)

ကိုယ်ခန္ဓာ ခုခံအားစနစ်ကြောင့် ဖြစ်သော အသည်းရောဂါ (autoimmune hepatitis)

သည်းခြေပြွန် ပျက်စီးခြင်း (primary biliary cirrhosis)

သည်းခြေပြွန် မာခြင်း၊ အမာရွတ်ဖြစ်ခြင်း

Schistosomiasis လိုမျိုး ကူးစက်ရောဂါများ ကြောင့်လဲ အသည်းခြောက်ခြင်းကို ဖြစ်စေနိုင်ပါတယ်။


အသည်းခြောက်ခြင်းရဲ့ လက္ခဏာတွေက ဘာတွေဖြစ်မလဲ။


အသည်း မပျက်စီးခင်အထိ အသည်းခြောက်ခြင်း လက္ခဏာမပြပါဘူး။

အသည်းခြောက်ရင် ပြသတတ်တဲ့ လက္ခဏာများကတော့ -


ပင်ပန်းနွမ်းနယ်ခြင်း

အလွယ်တကူ သွေးထွက်ခြင်း

အညိုအမဲ စွဲလွယ်ခြင်း

အရေပြား ယားယံခြင်း

အသားဝါ၊ မျက်လုံး ဝါခြင်း

ရေဖျဉ်းစွဲခြင်း

ပျို့ခြင်း

ခြေထောက်ဖောရောင်ခြင်း

ကိုယ်အလေးချိန်ကျဆင်းခြင်း၊ ခေါင်းမူးခြင်း၊ စကားမပီခြင်း (အသည်းကြောင့် ဦးနှောက်ထိခြင်း)

အရေပြားပေါ်မှာ ပင့်ကူအိမ်ကဲ့သို့သော သွေးကြောများ ဖြစ်ပေါ်ခြင်း

လက်ဖဝါး နီရဲခြင်း

စတဲ့ လက္ခဏာတွေ ပြလာပြီဆိုရင်တော့ နီးစပ်ဆရာဝန်နဲ့ ပြသနိုင်သင့်ပါတယ်။


ref:hellosayarwon


အသည်းရောဂါအမျိူးမျိုးအတွက် လိုအပ်သော Test များကို အင်ကြင်းဖြူ အဆင့်မြင့်ရောဂါရှာဖွေရေး ဓာတ်ခွဲခန်းမှာ လာရောက်စစ်ဆေးနိုင်ပါပြီ။


အင်ကြင်းဖြူမှ သတင်းအချက်လက်များနှင့် ဆေးပညာဆိုင်ရာ ဗဟုသုတများကို Telegram channel မှာ subscribe လုပ်ပြီး ဖတ်ရှုနိုင်ပါပြီ

Ingyin Phyu Telegram channel : https://t.me/igphealthcare


Accuracy, Timeliness, Expertise

အဆင့်မြင့် ရောဂါရှာဖွေရေး ဓါတ်ခွဲခန်း

အမှတ် (၅၁/I)၊ လမ်း ၃၀၊ ၇၇x၇၈ လမ်းကြား၊

ချမ်းအေးသာဇံမြိုနယ်၊ မန္တလေးမြို။

Hot Line: 09450855777

Commentaires


Mandalay

No. 51/I, Between 77th and 78th Streets, Chanayetharzan Township, Mandalay.

09-450855777, 09-796603020

Kyaukse

No.16 , Beside YGN-MDY Road,Pyi Lone Naing Quarter,Kyaukse

09-770707047 , 09-954400034

Lashio

Near Mandalay Street Point,Quard4), Lashio

09-400499941 , 09-400499942

Yangon

No.470,Thitsar Street Quarter(3),

South Okkallapa , Yangon.

09-765452996 ,09-765452997 ,

09-765453364,09-765453365

Laboratory Addresses

Mandalay

(collection -I)

No.65(B),58st,bet 113&113(A)st, Pyigyitagon Township, Mandalay.

09796603175 , 09941995745

CLINIC Addresses

30th street , Between 63×64 Streets , Mandalay

09 450866777

  • viber-icon-logo-4E5ED1327A-seeklogo.com
  • LinkedIn
  • Telegram-Logo_edited
  • IGP_Facebook
bottom of page